တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  စက်တင်ဘာ  ၁


တပ်မတော် (ကြည်း၊ရေ၊ လေ)  အရာရှိ၊ စစ်သည်၊ အရာထမ်း၊  အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၊   ဘာသာရေး ကျောင်းများနှင့်  ဘိုးဘွားရိပ်သာများသို့   ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊   နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်   မြစ်ကြီး နားမြို့ရှိ  ဓမ္မရက္ခိတ  ဝန်းသိုဘုန်းတော်ကြီးကျောင်းတိုက်၊  ပူတာအိုမြို့ရှိ   ဟိုခိုဘုန်းတော်ကြီးကျောင်း၊     ရန်ကုန်တိုင်းဒေသကြီး   တောင်ဥက္ကလာပ မြို့နယ် ပါရမီလမ်းအမှတ် (၂) ဝင်းရှိ  အောင်ခေမာတွံ့တေးကျောင်းတိုက်၊  တိုက်ကြီးမြို့နယ်    ကံသာယာကျေးရွာရှိ    ဇောတိကာရုံကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး   မအူပင်မြို့ရှိ   မဟာဗောဓိကျောင်းတိုက်၊   ရခိုင်ပြည်နယ်     အမ်းမြို့နယ်ရှိ       ရွာသာယာဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ      ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၊ ပုဏ္ဏားကျွန်း မြို့ရှိ  မြို့ဦးဘုန်းတော်ကြီးကျောင်း၊ ကျောက်တော်မြို့ရှိ  ရတနာဦး  ဘုန်းတော်ကြီးကျောင်း၊   မန္တလေးတိုင်းဒေသကြီး  မဟာအောင်မြေ  မြို့နယ်ရှိ     မစိုးရိမ်တိုက်သစ်၊    မကွေးတိုင်းဒေသကြီး    မင်းဘူးမြို့ရှိ ဓမ္မရက္ခိတသီလရှင်ကျောင်းနှင့်  မကွေးမြို့ရှိ   ပညာသိဒ္ဓိကျောင်းတို့မှ သံဃာတော်များနှင့်  သာသနာ့နွယ်ဝင်သီလရှင်များအား   ဆွမ်းဆန် တော်၊   ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေများ၊   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊    နေ့ဆွမ်းများ နှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်   ပြည်နယ် များမှ  ဝန်ကြီးချုပ်များ၊    တိုင်းစစ်ဌာနချုပ်အသီးသီးမှ   တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပြီး   နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

 


ထို့ပြင် မကွေးတိုင်းဒေသကြီး   ဖန်ခါးမြေဘိုးဘွားရိပ်သာမှ အဘိုး၊  အဘွားများအား    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊  မကွေးတပ်နယ်မှ  နယ်မြေခံ တပ်မတော်သားများက အလှူငွေများနှင့်  အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။  

                                                             
သတင်းစဉ်