တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ   ၁


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၈ ရက်နှင့် ၃၁ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီကုန်သွယ်ရေးဇုန်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသော စက်မှုကုန်ကြမ်းပစ္စည်းများ နှင့် မော်တော်ကားအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၈၇၄၉၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ထို့အတူ သြဂုတ် ၃၀ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခန္တီးမြို့နယ်အတွင်း AD Van အမျိုး အစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်  ၇၀၀၀၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့    ဦးဆောင်သော ပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ်          ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၄၂/ ၁၀၄၃) အကြားတွင် တရားမဝင် ပိတောက်သစ်ခွဲသား  ၄ ဒသမ ၈၆၆   တန်     (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၁၁၅၆၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၂၁၁၅၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ  သြဂုတ် ၃၁ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌  တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ  ရန်ကုန်မြို့သို့   ထွက်ခွာလာသော   ကုန်တင်ယာဉ် နှစ်စီးပေါ်၌    သွင်းကုန်ကြေညာလွှာ  (ID)   တွင် ကြေညာထားခြင်းမရှိသော စားသုံးဆီများ၊ လျှပ်စစ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၃၉၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ISUZU GIGA အမျိုးအစား (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)နှင့် Mitsu-bishi Fuso အမျိုးအစား (၁၂) ဘီး ကုန်တင်ယာဉ် တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ်    ၄၀၀၀၀၀၀၀) စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၄၉၃၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင်  သြဂုတ်  ၃၁ ရက်နှင့် စက်တင်ဘာ  ၁ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး    အထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌     တာဝန်ကျပူးပေါင်းအဖွဲ့က     မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်များ ကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာ လွှာ (ID) တွင် ကြေညာထားခြင်းမရှိသော လျှပ်စစ် ပစ္စည်းနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ  (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၉၃၅၅၀၀၀) နှင့် အဆိုပါပစ္စည်း များ    တင်ဆောင်လာသည့်     နောက်တွဲယာဉ်ပါ (၂၂)   ဘီး   ကုန်တင်ယာဉ်သုံးစီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၄၆၉၃၅၅၀၀၀)   ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်   လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အပြင်  စက်တင်ဘာ ၁ ရက်တွင်  ပဲခူးတိုင်း ဒေသကြီး တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်     တိုင်းဒေသကြီး သစ်တောဦးစီးဌာန  ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က  စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် နှင့်      သာယာဝတီခရိုင်များအတွင်း       တရားမဝင် ကျွန်းသစ် တန် ၂ ဒသမ ၃၉၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၁၉၈၅၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။  

 


သို့ဖြစ်ပါ၍  သြဂုတ် ၂၈  ရက်၊ ၃၀ ရက်၊ ၃၁ ရက် နှင့်    စက်တင်ဘာ   ၁   ရက်တို့တွင်     ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၉၅၇၉၀၆၀ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


သတင်းစဉ်