မြိတ် - ရန်ကုန် ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းများ အတက်ခရီးထက် အဆင်းခရီးသည် ပိုများပြားနေ

 

မြိတ်   စက်တင်ဘာ   ၁


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်      ယာဉ်လိုင်းများ ရန်ကုန်အတက်     ခရီးသည်များ ထက် မြိတ်မြို့အဆင်း ခရီးသည် စီးနင်းမှု     များပြားနေကြောင်း ယာဉ်လိုင်း  လုပ်ကိုင်သူများထံမှ သိရသည်။

 


အဝေးပြေး       ခရီးသည်တင် ယာဉ်လိုင်းများ  ပြေးဆွဲရာတွင် မြိတ်-ရန်ကုန်   ခရီးသည်တစ်ဦး လျှင် ငွေကျပ် ၄၀၀၀၀ ၊ မြိတ်-ကော့သောင်း     ခရီးသည်တစ်ဦး လျှင် ငွေကျပ် ၄၀၀၀၀ ၊ဘုတ်ပြင်း မြို့နယ်သို့       ခရီးသည်တစ်ဦး လျှင် ငွေကျပ်  ၂၅၀၀၀ ၊ မြိတ်-မောတောင်သို့   ခရီးသည်တစ်ဦး လျှင်ငွေကျပ် ၂၅၀၀၀ ဖြင့် ပြေးဆွဲ ပေးကြောင်း မြိတ်ခရိုင် ပုဂ္ဂလိကမော်တော်ယာဉ်များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

 


“ယခုကာလမှာ   ယာဉ်လိုင်း တွေအားလုံး အရှုံးပေါ်နေပါတယ်။ နိုင်ငံတော်အစိုးရက   ဈေးနှုန်း သက်သက်သာသာနဲ့ လောင်စာဆီ ကို   ရောင်းချပေးဖို့  လိုအပ်နေ ပါတယ်။   ယာဉ်လိုင်းအခက်အခဲ တွေကို ဇွန်လထဲမှာ တင်ပြထား ပါတယ်။  နောက်ပြီး   အရစ်ကျ ဝယ်ယူထားတဲ့ ကားတွေကိုလည်း ကုမ္ပဏီကနေပြီးတော့    ခေတ္တ ဆိုင်းငံ့ပေးစေလိုပါတယ်။ လက်ရှိ မှာတော့ ခရီးသည်တွေ အဆင်ပြေ စွာ သွားလာနိုင်ရေအတွက် အရှုံးခံ ပြီး       ပြေးဆွဲပေးနေပါတယ်”ဟု ပုဂ္ဂလိက    မော်တော်ယာဉ်များ ပြေးဆွဲရေး   လုပ်ငန်းကော်မတီမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

 


ယခုကာလတွင် လောင်စာဆီ ဈေးနှုန်းများ   ကြီးမြင့်နေသည့် အတွက် ရန်ကုန်- မြိတ်     ခရီးစဉ် အသွားအပြန်    တစ်ခေါက်ကို ငွေကျပ်  ၁၅  သိန်းခန့်  အရှုံးပေါ် နေကြောင်း သိရသည်။

 


“မြိတ်-ရန်ကုန်   ခရီးသည် စီးနင်းမှုအနေနဲ့က မြိတ်-ရန်ကုန် အတက်မှာ    ခရီးသည်စီးနင်းမှု နည်းပါးပါတယ်။ ရန်ကုန်-မြိတ် အဆင်းမှာတော့ ခရီးသည်စီးနင်း သူ  အထိုက်အလျောက်  များပြား ပါတယ်။  ယာဉ်လိုင်းတွေအနေနဲ့ ကတော့ မြိတ်-ရန်ကုန် အတက် မှာ   စီးနင်းသူ   ခုနစ်ဦးလောက် ရှိသလို    တစ်ခါတလေမှာ   ခရီး သည် နှစ်ဦးလောက်နဲ့ သွားနေရ   ပါတယ်။  ရန်ကုန်-မြိတ် အဆင်း ယာဉ်လိုင်းတွေကတော့ အထိုက် အလျောက်တော့         စီးနင်းသူ များပါတယ်”ဟု        ခရီးသည်တင် ယာဉ်လိုင်း     ပြေးဆွဲသူများက ပြောသည်။

 


မြိတ်မြို့နယ်တွင် မြိတ်အခြေ စိုက် ပြေးဆွဲနေသော မှန်လုံယာဉ် လိုင်း ၂၅ လိုင်းနှင့် ပြင်ပမှ ပြေးဆွဲ နေသည့် ယာဉ်လိုင်း   ၂၈  လိုင်း   စုစုပေါင်း   မှန်လုံကားကြီး    ၅၃ လိုင်းဖြင့်   ပြေးဆွဲပေးလျက်ရှိပြီးတိုင်းအတွင်း   ပြေးဆွဲနေသည့် မှန်လုံယာဉ်လိုင်း    ၃၀   ခန့်ဖြင့် တနင်္သာရီ၊ ပုလော၊ ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ် များသို့     ပြေးဆွဲပေးနေကြောင်း နှင့် ကုန်ကားလိုင်းများအနေဖြင့် အသင်း  ၂၀ ရှိပြီး ရန်ကုန်မှ မြိတ် မြို့သို့ ခရီးအကွာအဝေးမိုင် ၅၅၀ ကွာဝေးကြောင်း သိရသည်။


မြင့်ဦး(မြိတ်)