
ပြည် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ခန်းမဆောင် ၌ ယနေ့နံနက်က ဆေးဘက် ကျွမ်းကျင်-၄(ဓာတ်မှန်/ဆေးစပ်)နှင့် စိစစ်ရေးမှူး-၄ (ဆေးမှတ် တမ်း)သင်တန်းများ ဖွင့်ပွဲအခမ်း အနားကျင်းပရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်တို့ တက် ရောက်အားပေးသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဒေါ်မေသူဇော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ပြည် ခုတင်(၅၀၀) ပြည်သူ့ဆေးရုံအုပ် ကြီး ဒေါက်တာ ဒေါ်သီတာစိုးက သင်တန်း စည်းမျဉ်း၊ စည်းကမ်း ချက်များနှင့်အညီ ကြိုးစားလေ့လာ သင်ယူကြရန် အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းများ၌ ပဲခူး တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် တာဝန် ထမ်းဆောင်မည့် ကျန်းမာရေး ဝန်ကြီးဌာနက ခန့်အပ်ပေးထား သော သင်တန်းသား သင်တန်း သူ ဝန်ထမ်းသစ် ၂၆ ဦးတို့အား သက်ဆိုင်ရာ ကျွမ်းကျင်ကျန်းမာ ရေး ဆရာ ဆရာမများက ပြည် ခုတင်( ၅၀၀) ပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာ ၁ ရက်မှ စတင်၍ သင်တန်းကာလ ခြောက်လကြာ ဘာသာရပ်အလိုက် ပညာရပ်များ ကို စာတွေ့/လက်တွေ့ သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)