ပဲခူးတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းစည်းဝေး

 

ပဲခူး    သြဂုတ်   ၃၁


ပဲခူးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေး နှင့်  ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၃၀ ရက်က    တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ      ဝန်ကြီး  ဦးစောလင်းအောင်က         အမှာ စကားပြောသည်။

 


တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာန     ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက       လုပ်ငန်း ဆောင်ရွက်နေမှုကို   ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသူ များက   ပြန်လည်ဆွေးနွေးခဲ့ကြ သည်။

 


ထို့နောက်  တိုင်းဒေသကြီး   လူမှုရေးရာဝန်ကြီးက      ပုဂ္ဂလိက မူလတန်းကြိုကျောင်း      ခွင့်ပြုမိန့် လေးကျောင်းနှင့်     သက်တမ်းတိုး လေးကျောင်းတို့ကို      အသိ အမှတ်ပြု  လက်မှတ်များ ပေးအပ် ခဲ့သည်။  

 


တိုင်းဒေသကြီးအတွင်း မူလ တန်းကြိုကျောင်းများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနပိုင်    ၁၂ ကျောင်း၊ ပုဂ္ဂလိကကျောင်း ၇၂ ကျောင်း၊     ကိုယ့်အားကိုယ်ကိုး ကျောင်း  ၉၀  စုစုပေါင်း   ၁၇၄ ကျောင်းတွင်     တက်ရောက်သူ ကလေးသူငယ်    အရေအတွက် ၄၅၅၄ ဦးရှိကြောင်း၊ ကိုယ့်အား ကိုယ်ကိုး  မူလတန်းကြိုကျောင်း များမှ    တာဝန်ခံကျောင်းအုပ် တစ်ဦးအား တစ်လလျှင်ငွေကျပ် ၅၀၀၀၀၊ သင်ကြားပေးနေသော ဆရာမတစ်ဦး    တစ်လငွေကျပ် ၃၀၀၀၀ကို တစ်နှစ်စာ ထောက်ပံ့ ပေးခဲ့ပြီး  ဖြစ်ကြောင်း တိုင်းဒေသ ကြီး      လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက    ပြောသည်။  

     
ကိုတွတ် (ပြန်/ဆက်)