
နတ်တလင်း ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် တရားရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက် ဗိုလ်ရုံလမ်း နတ်တလင်းမြို့နယ် တရားရုံးဝင်းအတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်တလင်းခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီက အမှာ စကားပြောကြားပြီး နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင် မောင်ဦး၊ သာယာဝတီခရိုင် တရားသူကြီး ဒေါ်မေစိမ့်စမ်း၊ နတ်တလင်း ခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီ၊ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့ကခရိုင်တရားရုံး ဆိုင်းဘုတ်ကို စိုက်ထူ ပေးခဲ့ပြီး အဆိုပါဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့သည်။
နတ်တလင်းခရိုင်တရားရုံးအနေဖြင့် နတ်တလင်းမြို့နယ်၊ ဇီးကုန်း မြို့နယ်၊ ပေါင်းတည်မြို့နယ်၊ သဲကုန်းမြို့နယ်တို့၌ ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် တရားမမှုများကို စစ်ဆေးစီရင်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှစ၍ တရားစီရင်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သာယာဝတီခရိုင်တရားသူကြီး၊ နတ်တလင်းခရိုင်တရားသူကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်မှ မြို့နယ် တရားသူကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)