မြဝတီမြို့၊ ဘားအံမြို့၊ ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဩဂုတ်  ၃၀


မြဝတီမြို့၊ ဘားအံမြို့၊  ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်တို့၌   မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး          ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ            ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၉ ရက် မွန်းလွဲ  ၁  နာရီ    ၄၅  မိနစ်တွင် မြဝတီမြို့     အမှတ်(၄)ရပ်ကွက် မေတ္တာလမ်းတွင်    မအေးအေးဖြူ (ခ)မဖြူအား   ဆိုင်ကယ်တစ်စီးနှင့် အတူ  မသင်္ကာဖွယ်  တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၃၉၀၀၀   သိမ်းဆည်း ရမိခဲ့ပြီး  ကွင်းဆက်အရ   မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်     မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ  စားသောက် ဆိုင်အနီး၌        စိတ်ကြွရူးသွပ် ဆေးပြားများ  သယ်ဆောင်ရောင်း ဝယ်ရာတွင်    ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့်   မျိုးထက်(ခ) ဂတုံး (ခ) အညာသားနှင့်   စောမြင့်ထွန်း (ခ)ဖူးဖူးတို့အား       Honda Fit အမျိုးအစား          မော်တော်ယာဉ် တစ်စီး၊  ဆိုင်ကယ်တစ်စီးတို့နှင့် အတူလည်းကောင်း     (ဝဲပုံ) ၊      အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ တွင်   ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ   ပါဝင်သောပူးပေါင်း အဖွဲ့သည်    ဘားအံမြို့   အမှတ်(၈)ရပ်ကွက်    ဘားအံ-ထုံးအိုင်သွား ကားလမ်းတွင်     ခင်မောင်ထွေး မောင်းနှင်ပြီး   မမြမြ  လိုက်ပါလာ သည့် Super Custom အမျိုးအစား မော်တော်ယာဉ်အား       ရပ်တန့် စစ်ဆေးရှာဖွေရာ           စိတ်ကြွ ရူးသွပ်ဆေးပြား      ၂၅၇၁   ပြားကို လည်းကောင်း။

 


ထို့အတူ ယင်းနေ့ ည ၇ နာရီခွဲ တွင်     မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင် များ  ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့    ရပ်ကွက်ကြီး(၁၁)လားရှိုး-မန္တလေးသွား  ကားလမ်း တွင်    မအိအိဖြိုး    မောင်းနှင်ပြီး မနှင်းနှင်း          လိုက်ပါလာသည့် ဆိုင်ကယ်အား   ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကိုလည်းကောင်း၊  ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ် ဆေးဝါး         တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ     ပါဝင် သောပူးပေါင်းအဖွဲ့သည်   နောင်ချို မြို့နယ်        တောင်ရှည်ကျေးရွာ အုပ်စု   တောင်ရှည်ကျေးရွာအနီး ရပ်စောက်    -   နောင်ချိုသွားကား လမ်းတွင်   အောင်ချစ်(ခ)ကိုချစ် မောင်းနှင်လာသည့်    ဆိုင်ကယ် အား    ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် အောင်ချစ်(ခ)ကိုချစ် ၄၈ နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ   ဥပဒေအရ    အရေးယူ ထားကြောင်း သိရသည်။


သတင်းစဉ်