
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မကွေးတိုင်းဒေသကြီး ဂန့်ဂေါ ခရိုင် ဆောမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း ၂၆၁၇ ဧက ရှိသော နယ်မြေကို “ပုလဲကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့် ကြော်ငြာစာအမှတ် (၁၃၂/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်း လဆန်း (၁)ရက် (၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက် သည်။
ပုလဲကြိုးပြင်ကာကွယ်တော သတ်မှတ်သည့် ဧရိယာ၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ အသုံးပြုနေသော စိမ့်စမ်းရေများ ၏ ရင်းမြစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်၊ ဒေသခံပြည်သူ များ၏အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ကျက်စား နေထိုင်လျက်ရှိသည့် တောရိုင်း တိရစ္ဆာန်များအား ထိန်းသိမ်း စောင့်ရှောက်ရန် ရည်ရွယ်၍ ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။
ပုလဲကြိုးပြင်ကာကွယ်တော အတွင်း ပျဉ်းကတိုး၊ ထောက်ကြံ့၊ အင်ကြင်း စသောအဖိုးတန် သစ်မျိုးများနှင့် နဘဲ၊ ချဉ်ယုတ်၊ နှော၊ အင်၊ ဇောင်းပုလွေး စသော သစ်မျိုးများ ပေါက်ရောက်ခြင်း၊ ဂျီ၊ တောကြောင်၊ တောဝက် စသော တိရစ္ဆာန်များနှင့် ငုံး၊ ခါ၊ ရစ်၊ ချိုး၊ စသည့်ငှက်မျိုးများ၊ ဖွတ်၊ ပုတတ်၊ မြွေ စသည့် တွားသွားသတ္တဝါ များ၏ ကျက်စားရာနေရာဒေသ ဖြစ်ခြင်း၊ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းသိမ်းစီမံ အုပ်ချုပ်ရန် လိုအပ်ခြင်းတို့ကြောင့် ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာရခြင်း ဖြစ်ပါ သည်။
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန