ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးအပ်

 

ကြာအင်းဆိပ်ကြီး   ဩဂုတ်   ၃၀


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဩဂုတ် ၁၂ ရက်မှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများ  ကျဆင်းခြင်း၊ ဒေသအတွင်းရှိ   မြစ်ချောင်းများ  ရေကြီးရေလျှံမှုဖြစ်ပေါ်၍  မြို့နယ် အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ  လူနေအိမ်များသို့  ရေများ ဝင်ရောက်ခြင်းကြောင့် ရေဘေးသင့်ပြည်သူများအနေဖြင့် ရေဘေး ရှောင်ကယ်ဆယ်ရေးစခန်း  သုံးခုသို့   ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

 


အဆိုပါ ရေဘေးသင့်ပြည်သူများအား အဆင်ပြေစွာနေထိုင်စားသောက်နိုင်စေရေးအတွက်    ခုနစ်ရက်စာ   ဆန်ဖိုးငွေထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့် အိမ်ထောင်စု   ၁၃၀ ၊ လူဦးရေ ၅၅၁ ဦးအတွက် ခုနစ်ရက်စာဆန်ရိက္ခာဖိုး ငွေကျပ် ၁၁၅၇၁၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနမှ    မြို့နယ်ဦးစီးမှူး   ဒေါ်အေးဇင်မာထွေးတို့က  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးမင်းဦး (ပြန်/ဆက်)