မြန်အောင်မြို့နယ်အတွင်း ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ

 

မြန်အောင်   သြဂုတ်    ၃၀ 


ဧရာဝတီ          တိုင်းဒေသကြီး  မြန်အောင်မြို့နယ်အတွင်း  လုံခြုံ ရေး၊    တရားဥပဒေစိုးမိုးရေးနှင့်    ရပ်ရွာ     အေးချမ်းသာယာရေး အတွက်    မြို့နယ်အဆင့်    ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်း ကြီး ငါးကြောင်းကို  အဖွဲ့နှစ်ဖွဲ့ခွဲ၍      ယမန်နေ့က     မျှင်ဝါးတောင် ကျေးရွာအုပ်စုနှင့်      ကညင်ငူ ကျေးရွာအုပ်စုတို့တွင်    ဒေသခံ ပြည်သူများတွေ့ဆုံ၍ ကျေးလက် ဒေသဖွံ့ဖြိုးရေး       လုပ်ငန်းများ            ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


ဒေသဖွံ့ဖြိုးရေး  လုပ်ငန်းများ ကို          ကညင်ငူကျေးရွာအုပ်စု ကညင်ငူကျေးရွာ     ပညာရာမ ကျောင်းတိုက်နှင့်    မျှင်ဝါးတောင် ကျေးရွာအုပ်စု      မျှင်ဝါးတောင် ဘုန်းတော်ကြီးကျောင်း      တို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  ပညာရေး၊   ကျန်းမာရေး၊  လမ်း တံတား စသည့်ဒေသလိုအပ်ချက် များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက် ပေးသည်။

 


အဆိုပါ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ပါဝင်သောစစ်ကြောင်း  ကြီး  ငါးကြောင်းနှင့်    ဒေသခံ ပြည်သူများ     တွေ့ဆုံရာတွင် မျှင်ဝါးတောင်ရွာအုပ်စု၊ ကညင်ငူ  ကျေးရွာအုပ်စုတို့မှ ကျေးလက်နေ ပြည်သူများအား ဆန်နှင့် ကြက်ဥ များကို     စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်း၊     ကိုဗစ်-၁၉ ကာကွယ်ဆေး      ထိုးနှံပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ    ပြုလုပ်ပေး ခြင်း၊   လူမှုဝန်ထမ်းဦးစီးဌာနမှ      ကိုယ်ဝန်ဆောင်နှင့်    နို့တိုက်မိခင် များအား         ထောက်ပံ့ငွေများ   ပေးအပ်ခြင်း၊ ကျောင်းကျန်းမာရေး ဟောပြောပွဲနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး      စစ်ဆေးခြင်းတို့ ဆောင်ရွက်ကြသည်။

 


မြန်အောင်မြို့နယ်   အတွင်း ဒေသဖွံ့ဖြိုးရေး    လုပ်ငန်းများ ဆောင်ရွက်နေမှုကို       ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊  ခရိုင်    ရဲတပ်ဖွဲ့မှူး     ဒုရဲမှူးကြီး    မြင့်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင် ဦးစီးမှူး တင်မြိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး            ဦးနေမင်းထွန်းတို့   ဦးဆောင်မှုဖြင့်       မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့    အဖွဲ့ဝင်  (၁) ဗိုလ်မှူး       အောင်သူရိန်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး          ရဲမှူး ချစ်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်ထက်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊   နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ဒေသအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးရေး      လုပ်ငန်းများ ပေါင်းစပ်       ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


 မြန်အောင် (ပြန်/ဆက်)