
နေပြည်တော် ဩဂုတ် ၃၀
အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော် ကြီး ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေး ဇာတ်ရုံ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (ငြိမ်း) ဦးခင်အောင်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ (ပထမ တန်း) (ပြည်သူ့ဆက်ဆံရေး) ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထိုက်၊ အမှတ် (၂) တပ်မတော် ရုပ်မြင် သံကြား ထုတ်လွှင့်ရေးတပ် (မြဝတီ) တပ်မှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးကြ သည်။
ရှင်းလင်းပြောကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်သို့ တက်ရောက်လာသူများကို “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်တော်ကြီးတင်ဆက် ကပြရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဂုဏ်ပြုငွေများ ပေးအပ်
ဇာတ်တော်ကြီး တင်ဆက်ကပြအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်သင့်သည့် ဇာတ်ဝင် ခန်းများ၊ ဇာတ်ဝင် ဇာတ်စာ ဇာတ်စကားများကို ဖြည့်စွက် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ဇာတ်တော်ကြီး တင်ဆက်ကပြသော အနုပညာရှင် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သော ဦးကိုကို၊ ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦး နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းတို့က ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။
ပံ့ပိုးတီးခတ်
“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်ကြီး တွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ် အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ ရဝေ ရှင်ထွေးအဖြစ် ဒေါ်သီရိမျိုးစံ၊ အင်းဝဘုရင် မင်းရဲနန္ဒ မိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ လူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပို့ဆိုင်း ရွာစားနိုင်လင်းဗိုလ်နှင့် အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားသည်။
ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်
အနုပညာဦးစီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင် ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက် လျက်ရှိပြီး အများပြည်သူများ စိတ်အပန်းပြေစေရန် အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်