
နေပြည်တော် ဩဂုတ် ၃၀
ဒေသတွင်း စားနပ်ရိပ်က္ခာ ဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ တိုင်းစစ် ဌာနချုပ် နယ်မြေများရှိ မြို့နယ် အသီးသီး၌ နယ်မြေခံတပ်မတော် သားများက တန်ဖိုးသင့် ထမင်း ဟင်းများ၊ ဟင်းသီးဟင်းရွက် များနှင့် တပ်မတော်စက်ရုံထုတ်
အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုး မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဘူးများ စသည့် စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်