ဂုဏ်သိက္ခာအရှိဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခြင်းသည် အကြီးမားဆုံးအတွေ့အကြုံမဟုတ်ကြောင်း ရွိုင်ဘာကီနာ ပြော

 

ဝင်ဘယ်ဒန်ချန်ပီယံ ရွိုင်ဘာကီနာက  ၎င်း၏   တင်းနစ်ကစားသမား ဘဝတွင်   ဂုဏ်သိက္ခာအရှိဆုံးဆုဖလားကို   ဆွတ်ခူးနိုင်ခြင်းသည် အကြီး မားဆုံးအတွေ့အကြုံမဟုတ်ကြောင်း ပြောသည်။ 

 


  ဂရင်းဆလမ်း ဆုဖလားကို ပထမဆုံးဆွတ်ခူး


အသက် ၂၃ နှစ်အရွယ် ရွိုင်ဘာကီနာသည် ကမ္ဘာ့အဆင့် သတ် မှတ်ချက်တွင် ၂၅ သို့ ကျဆင်းခဲ့သူ ဖြစ်သည်။ လာမည့် သီတင်းပတ်တွင်  ကျင်းပမည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၂၅ သတ်မှတ် ခံထားရသည့် ရွိုင်ဘာကီနာသည် ပြီးခဲ့သည့်လက ဝင်ဘယ်ဒန်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် (၃) သတ်မှတ်ခံထားရသည့် တူနီးရှား တင်းနစ်မယ် ဂျေဘီယာကို အနိုင်ရရှိခဲ့သောကြောင့် ဂရင်းဆလမ်း ဆုဖလားကို ပထမဆုံးဆွတ်ခူးနိုင်သည့် ကာဇက်စတန်တင်းနစ်မယ် ဖြစ်လာခဲ့သည်။

 

 
ဘာရယ်နှင့် ယှဉ်ပြိုင်ကစားရမည်


၎င်းသည်  မကြာမီကျင်းပတော့မည့်  ယူအက်စ်အိုးပင်းပြိုင်ပွဲ  ပထမ အဆင့်တွင် ပြင်သစ်တင်းနစ်မယ် ဘာရယ်နှင့် ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။ 

အောင်ဇော်