တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်  ၂၇


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌      သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင် များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး  ဘာသာ မရွေး      ဒေသခံပြည်သူများ၊ အကျဉ်းသား၊    အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာ ရှည်     ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်    အထက်တန်း အဆင့်  ကျောင်းသား ကျောင်းသူ များစသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍  တပ်မတော်မှ  ဆေး အဖွဲ့များ၊     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊     သူနာပြုများ၊ ကျန်းမာရေး     ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက      ကာ ကွယ်ဆေးထိုးခြင်း   လုပ်ငန်းများ ကို   ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်     ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် တို့၌ ဒေသခံပြည်သူ ၂၀၉၁၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ   မြို့နယ် ခြောက်မြို့နယ်တို့၌     ဒေသခံ ပြည်သူ ၂၂၄၆ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့၌      ဒေသခံပြည်သူ ၁၁၅၀၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။

 


ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား ကျောင်းသူ ၁၂၇၅ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ    ကျောက်ဖြူ မြို့နယ်နှင့်     သံတွဲမြို့နယ်တို့၌ ကျောင်းသား   ကျောင်းသူ  ၃၈၆ ဦးနှင့်     မန္တလေးတိုင်းဒေသကြီး အတွင်းရှိ      ခရိုင်ခုနစ်ခုတို့၌ ကျောင်းသား ကျောင်းသူ  ၂၆၈၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ  ဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊    စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍     ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံပေး သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများက    သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။    

သတင်းစဉ်