မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၅၀ ခန့် ပေးအပ်သွားမည်

 

မကွေး    ဩဂုတ်    ၂၇


၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော   လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို သြဂုတ်  ၂၆ ရက်က မကွေးမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးတင့်လွင်က လူမှု ဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊     လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်   ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်း(၇)ရပ် တွင်   တစ်ခုအပါအဝင်ဖြစ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အား ထောက်ပံ့ရေးနှင့် ကြီးကြပ် ရေးလုပ်ငန်းများ        အကောင် အထည်ဖော်   ဆောင်ရွက်လျက် ရှိရာ နှစ်စဉ်နိုင်ငံတော်မှ ခွဲဝေရရှိ သည့် ဘဏ္ဍာရန်ပုံငွေဖြင့် လူငယ် ဖွံ့ဖြိုးရေး   ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီး ဂေဟာများနှင့် မသန်စွမ်းဂေဟာ များကို သတ်မှတ်အဆင့်အလိုက် တစ်နှစ်လျှင် (၁)ကြိမ် ထောက်ပံ့ ပေးအပ်လျက်ရှိပါကြောင်း၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ လူငယ် ဖွံ့ဖြိုးရေးဂေဟာ သုံးခု၊ စေတနာ မူလတန်းညကျောင်း တစ်ကျောင်း နှင့် ဘိုးဘွားရိပ်သာငါးခုရှိ ကလေး သူငယ်များ၊ ဘိုးဘွားများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် သိန်း  ၂၅၀ ခန့် ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ပြီး ကလေးသူငယ်များနှင့် ဘိုးဘွားများအတွက် အကျိုးရှိစွာ အသုံးချရန်နှင့် အလွဲမသုံးမိစေရန် လိုအပ်ပါကြောင်းနှင့်     ပရဟိတ ဂေဟာနှင့် ဘိုးဘွားရိပ်သာများမှ ကြီးကြပ်သူ တာဝန်ခံများအနေ ဖြင့်လည်း     ဂေဟာ/ရိပ်သာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ရေရှည် တည်တံ့ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာန၏  ကြီးကြပ်လမ်းညွှန် ချက်များကို စိတ်အားထက်သန် စွာဖြင့်    ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ကြစေလိုကြောင်း      အမှာ စကား ပြောကြားသည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများဖြစ်သော      လူငယ် ဖွံ့ဖြိုးရေး   ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့် စေတနာ မူလတန်း   ညကျောင်းများအား တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အမျိုး သမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊    တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက  ထောက်ပံ့ငွေ များ     ထောက်ပံ့ပေးအပ်ခဲ့ပြီး   တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်း       အဖွဲ့အစည်းများ ကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ 

 


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေး မြို့     မူလတန်းကြိုကျောင်းရှိ ကလေးငယ်များ            သင်ကြား သင်ယူနေမှုကို      ကြည့်ရှုကာ ကလေးငယ်များအတွက်   မုန့်နှင့် အချိုရည်များ   ပေးဝေခဲ့ကြောင်း   သိရသည်။  

               

မောင်ညီညာ