မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ (MoU) အရ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒုတိယနှစ် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၂၆


မြန်မာ-အိန္ဒိယ      နားလည်မှု စာချွန်လွှာ(MoU)အရ  အကောင် အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း သည့်   ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေး နှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန     အစည်းအဝေးခန်းမ ၌      Hybrid   ပုံစံဖြင့်    ကျင်းပသည်။  

 


အစည်းအဝေးတွင်    လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး   ဝန်ကြီး ဌာန            ပြည်ထောင်စုဝန်ကြီး ဒေါက်တာ      သက်သက်ခိုင်က အိန္ဒိယနိုင်ငံအစိုးရနှင့်   သဘော တူညီမှုရရှိထားသည့် ဒုတိယနှစ်စီမံကိန်းလုပ်ငန်းများကို  အဆင့် (၄) ဆင့်ဖြင့်  စောင့်ကြည့်စိစစ်နိုင် ရေး စီစဉ်ထားရှိပါကြောင်း၊ ထိုသို့ အဆင့်(၄)ဆင့်ဖြင့်   ဒုတိယနှစ် စီမံကိန်းလုပ်ငန်း   (၁၃)  ခု၏  လက်ရှိ   လုပ်ငန်းဆောင်ရွက်နေမှု များကို  စိစစ်ရာတွင်  အဆင့်  (၄)အထိ ရှေ့ရောက်နေသည့်လုပ်ငန်း  ခုနစ်ခုသာလျှင်ရှိပြီး   ကျန်ခြောက် ခုမှာ  အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ မြေပြင်တွင် အမှန်တကယ်   ဆောင်ရွက်နိုင် သည့် လုပ်ငန်းများကို အစားထိုး ဆောင်ရွက်နိုင်ရေး   ညှိနှိုင်းသွား ရမည်ဖြစ်ကြောင်း၊      လုပ်ငန်း ဆောင်ရွက်မှု  အခြေအနေများကို အိန္ဒိယနိုင်ငံသို့   စဉ်ဆက်မပြတ် အသိပေးနိုင်ရေးအတွက် အကောင် အထည်ဖော်              ဆောင်ရွက်နေ သည့်ဌာနများနှင့်   ရခိုင်ပြည်နယ် အစိုးရအဖွဲ့က    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်        ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ လစဉ်   လဆန်း    ၁၀   ရက်    အရောက်ပေးပို့ရန်     ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက             ရခိုင် ပြည်နယ်အတွင်း    MoU     ပါ  စီမံကိန်းလုပ်ငန်းများ၏    ဆောင် ရွက်ပြီးစီးမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ညှိနှိုင်းပူးပေါင်း   ဆောင်ရွက်ပေးရန်    လိုအပ်မှုများ၊  ဆက်လက်           ဆောင်ရွက်မည့်   အခြေအနေများနှင့်    စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းပြီး          အကောင် အထည်ဖော်သွားမည့် အခြေအနေ များကို            ဆွေးနွေးပြောကြားသည်။

 


ယင်းနောက်  ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အိန္ဒိယနိုင်ငံ မှ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများ   ထောက်ပံ့ ကူညီခြင်းဖြစ်သောကြောင့် အလှူ ရှင်နိုင်ငံ    စိတ်ကျေနပ်မှုရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက် မှုများသည်   စနစ်တကျဆောင် ရွက်ပြီးစီးရန်  လိုအပ်ပါကြောင်း၊ ထို့အပြင်    ဒုတိယနှစ်စီမံကိန်း လုပ်ငန်းများကို  ဆောင်ရွက်နေစဉ် တတိယနှစ်စီမံကိန်းလုပ်ငန်းများကို   ကြိုတင်စီမံထားရှိပြီး  နှစ်စဉ် လာမည့်   နှစ်များအတွက်လည်း ယခုကပင်   ကြိုတင်စီမံထားရန် လိုအပ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ သဘောထားကို မေးမြန်းရာတွင် လည်း   မူလသဘောတူညီထား သည့် လုပ်ငန်းများကို လိုအပ်ပါက လုပ်ငန်းပြောင်းလဲ  ဆောင်ရွက်နိုင် ရေး ပြန်လည်ညှိနှိုင်းနိုင်သည်ဟု သိရှိရပါသဖြင့်     မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့် လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေး       အတွက် ဆွေးနွေးကြရန်   ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက်   ဘေးအန္တရာယ် ဆိုင်ရာ         စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယ    ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ   ကွင်းဆက် အကောင်အထည်ဖော်မှု  ဆိုင်ရာ စံပြုလုပ်ငန်းစဉ်      အဆင့်ဆင့် နှင့်  စီမံကိန်းလုပ်ငန်းများအပေါ် စောင့်ကြည့်   သုံးသပ်မှုဆိုင်ရာ အဆင့်(၄) ဆင့်တို့နှင့်  စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး  တက်ရောက် လာကြသော သက်ဆိုင်ရာဝန်ကြီး ဌာနများမှတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော်   ဆောင် ရွက်ထားရှိမှု၊  ဆက်လက်ဆောင် ရွက်မည့်  လုပ်ငန်းအစီအစဉ်များ ကို   သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကြောင်း သိရ သည်။                    

သတင်းစဉ်