စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ

 

 

မြန်မာစာပေနယ်ပယ်ဖွံ့ဖြိုးရေးနှင့် စာပေ လောကသားများ စည်ပင်ဖူလုံရေးအတွက် အရေးထားဆောင်ရွက်ပေး

 

ရန်ကုန်   ဩဂုတ်  ၂၆


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန   စာပေဗိမာန်   (၇၅) နှစ်ပြည့်  စိန်ရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည် လမ်းနှင့် ၃၇ လမ်းထောင့်ရှိ    စာပေဗိမာန်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။

 


အခမ်းအနားသို့       ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး          ဦးမောင်မောင်အုန်း၊ အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုလှိုင်၊   သာသနာ ရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊          ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊     ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ၊   စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊    ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊   ဒုတိယဝန်ကြီး များ၊   တိုင်းဒေသကြီးဝန်ကြီးများ၊   ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

 


Video Message ဖြင့် မိန့်ခွန်းပြောကြား


ရှေးဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ        နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်က   Video Message ဖြင့်   မိန့်ခွန်း ပြောကြားသည်။     (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူး ကြီး  မင်းအောင်လှိုင်၏    မိန့်ခွန်းကို     စာမျက်နှာ ၆ နှင့် ၇ တွင် သီးခြားဖော်ပြထားပါသည်။ )
ထို့နောက်  စာပေဗိမာန်၏   သမိုင်းမှတ်တမ်း ပုံရိပ်   Video မှတ်တမ်းကို  ပြသသည်။

 


ယင်းနောက်               ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက             ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏  စေတနာနှင့်  စာပေပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှောက်ခြင်းအနေဖြင့်ပညာရှင်ကြီးများ၏ လူမှုဘဝ  ပိုမိုဖူလုံစေရေးအတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊  စာပေဗိမာန် စာမူဆုများကို  တိုးမြင့်ချီးမြှင့်ခဲ့ပါကြောင်း၊  ထို့အပြင် စာပေပညာရှင်များကိုလည်း ထိုက်တန်သည့်  ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ အမျိုးသား စာပေတစ်သက်တာဆုရှင် ဆရာကြီး၊  ဆရာမကြီးများ အတွက်  ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စီစဉ်ပေးလျက်ရှိပါကြောင်း။

 


ဂါရဝပြုကျေးဇူးတင်


အထူးသဖြင့်   စာပေ၊  ရုပ်ရှင်၊  သဘင်၊  ဂီတ၊ အနုပညာရပ်ဝန်းအသီးသီးရှိ     အနုပညာဖန်တီးမှု လုပ်ငန်းများကို  နိုင်ငံတကာနှင့် ရင်ပေါင်တန်းလျက် အဆင့်မြင့်ခေတ်မီစွာ   ဆောင်ရွက်နိုင်ရန်အတွက် အနုပညာဗဟိုဌာန အဆောက်အဦ(Art Centre)ကို တည်ဆောက်ရန်   လျာထားဆောင်ရွက်လျက်    ရှိပါ ကြောင်း၊ ထိုနည်းတူ   စာရေးဆရာကြီးများ၊ စာပေ ပညာရှင်ကြီးများ စာပေရေးဖွဲ့ဖန်တီးမှု  လုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေရန်၊ စာပေလောက သားများ  စုစည်းဆောင်ရွက်စေရန်၊   မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရရှင်သန်စေရန်၊  စာပေ ချစ်မြတ်နိုးသူများ လေ့လာနိုင်ရန်  စာဆိုဗိမာန်ကြီး တည်ဆောက်ရန်အတွက်  စတင်စိုင်းပြင်းနေပြီဖြစ်ပါ ကြောင်း၊  မြန်မာစာပေနယ်ပယ်ဖွံ့ဖြိုးရေးနှင့် စာပေ လောကသားများ စည်ပင်ဖူလုံရေးအတွက် အရေးထား ဆောင်ရွက်ပေးခဲ့သော   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ဂါရဝပြုကျေးဇူးတင်ကြောင်း  ဖော်ပြအပ်ပါကြောင်း။

 


မိမိတို့     ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေဗိမာန်၏   စာအုပ်စာပေထုတ်ဝေရေးလုပ်ငန်း နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ သွက်လက် ရန်၊    စာကောင်းပေမွန်များ     ထုတ်ဖော်နိုင်ရန်၊ ခေတ်စနစ်နှင့်ကိုက်ညီသည့်         စာအုပ်စာပေများ ထုတ်ဝေနိုင်ရန်၊ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်း မည့်   စာပေများ၊  အထူးသဖြင့်  လူငယ်များအတွက် နှလုံးရည်နှင့် ဉာဏ်စွမ်းရည်များ မှန်ကန်တည့်မတ်စွာ ဖွံ့ဖြိုးရန်အတွက် အထောက်အကူပြုနိုင်မည့်  စာပေ များကို    ထုတ်ဝေနိုင်အောင်     ကြီးမှူးလမ်းညွှန်မှု ပြုလျက်ရှိပါကြောင်း။

 


ကလောင်လက်နက်ဖြင့် ပါဝင်ကူညီ


မိမိတို့ ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးတွင်   စာပေအနုပညာရှင်များ အားလုံး   စည်းရုံးလှုံ့ဆော်ပေးကြရန်   အလေးအနက် တိုက်တွန်းလိုပါကြောင်း၊      အထူးသဖြင့်   စာပေ နယ်ပယ်က    စာပေလောကသားများသည်   ခေတ် အဆက်ဆက်တွင်  နိုင်ငံဖွံ့ဖြိုးရေးအတွက်  ကလောင် လက်နက်ဖြင့် ပါဝင်ကူညီခဲ့ကြသလို ရှေ့ဆက်လက် ပြီး ပါဝင်ကူညီကြရန် ပန်ကြားလိုပါကြောင်း။

 


စာပေသည်   စိတ်၏အစာ၊    ဦးနှောက်အတွက် အာဟာရ၊   စာပေသည်   ဘဝ၏မီးရှူးတန်ဆောင်၊ စာအုပ်စာပေ  လူ့မိတ်ဆွေ စသည်ဖြင့် စာပေပညာရှင် ကြီးများက   ဆိုမိန့်ခဲ့ပါကြောင်း၊   စာပေဗိမာန်သည် ယင်းစာပေအလင်းကို  စာပေစေတနာ၊  စာပေသစ္စာ၊ စာပေသိက္ခာတို့ဖြင့်  စိန်ရတုကာလမှသည် နှစ်ပေါင်း ရာထောင်ရှည်လျားသော စာပေခရီးကို  ဆက်လက် သယ်ဆောင် ထွန်းညှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း  ပြောကြားသည်။

 


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီး   ဦးကိုကို က  ဂုဏ်ပြုအမှာစကားပြောကြားရာ၌     ယနေ့စာပေ ဗိမာန်သည်  ရှေးကကဲ့သို့   အစဉ်အလာစည်းကမ်း များကို  ထိန်းသိမ်းရင်း မြန်မာစာပေမြင့်မားရေးနှင့် ပြည်သူများ၏ စာပေမျက်စိအလင်း ဖွင့်ပေးရေးတို့ကို    အရှိန်အဟုန်    မြှင့်တင်ဆောင်ရွက်နိုင်လိမ့်မည်ဟု       ယုံကြည်ပါကြောင်း၊   စာပေဗိမာန်သည် ပင်ရင်း စာပေဆုရှင်    နိုင်ငံတော်အစိုးရ၏   ကိုယ်စားလှယ် ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည်   မြန်မာစာပေကို  မြှင့်တင်ပေးသောအဖွဲ့  ဖြစ်ပါကြောင်း၊  စာပေဗိမာန် သည်  ပြည်သူကို   စာပေအလင်းရောင်ထွန်းလင်းပေး သော  မီးအိမ်ရှင်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များနှင့်    အလှူရှင်များက   စာပေရန်ပုံငွေအတွက် လှူဒါန်းသော ငွေကျပ်သိန်းပေါင်း ၂၁၄၀ ကို  စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက  ပေးအပ် လှူဒါန်းရာ   ဆရာကြီးဦးမောင်မောင်လတ် (နောင်)က လက်ခံရယူသည်။

 


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက စာပေရန်ပုံငွေအတွက်  အလှူငွေကျပ်   ၇၅     သိန်းကို    ပေးအပ်လှူဒါန်းရာ    ဆရာမကြီး ဒေါ်ချိုချိုတင် (မစန္ဒာ)က လက်ခံရယူသည်။

 


ဆက်လက်၍  တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက   တက်ရောက်လာကြသည့်   စာပေ ပညာရှင်ကြီးများအား  လှူဒါန်းသည့်  လက်ဆောင် ပစ္စည်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  သက်ပုံက ပေးအပ်ရာ ဆရာကြီး ဒေါက်တာ မောင်သင်း(မောင်သင်း-သပြေ)က လက်ခံ ရယူသည်။

 


ထို့နောက်   စစ်ရေးချုပ်   ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊   ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊  ပြည်ထောင်စုဝန်ကြီး ဦးကိုကို တို့က စာပေဗိမာန်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား  အမှတ်တရ  ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ကြသည်။

 


ဆက်လက်၍              ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက     ရည်ညွှန်းကျမ်းစီစဉ်ရေး အဖွဲ့(ကိုယ်စား)   ဦးသိန်းလွင်  (မြန်စာမြေသိန်းလွင်)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ      (ကိုယ်စား)     ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊       မြန်မာနိုင်ငံ စာရေးဆရာအသင်း        (ကိုယ်စား)     ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)၊   အမျိုးသားစာပေ ဆု စိစစ်ရွေးချယ်ရေးအဖွဲ့   (ကိုယ်စား)    ဦးစိန်လှိုင် (သူရဇော်)နှင့် စာပေဗိမာန်စာမူဆု  စိစစ်ရွေးချယ်ရေး အဖွဲ့(ကိုယ်စား)    ဦးမောင်မောင်ဦး   (ဟိန်းလတ်)တို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ် ပြီး စာပေဗိမာန်(၇၅)နှစ် ပြည့် စိန်ရတုအခမ်းအနားသို့ မကျန်းမာသည့်ကြားမှ      တက်ရောက်လာသည့် အမျိုးသားစာပေတစ်သက်တာဆုရှင်        စည်သူ ဒေါက်တာခင်မောင်ညွန့်အား          နေရာအရောက် အမှတ်တရ လက်ဆောင်ပေးအပ်သည်။
ထို့နောက်    ဆရာကြီး   ဦးမြတ်သူ    (တက္ကသိုလ် မြတ်သူ) က ကျေးဇူးတင်စကားပြောကြားသည်။

 


ပြည်သူ လူထုကို အကျိုးပြု


ယင်းနောက်      ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားသို့    တက်ရောက်လာကြသူများသည် စာပေဗိမာန် (၇၅) နှစ်ပြည့်   အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့်    မှတ်တမ်းဓာတ်ပုံများ၊ စာပေဗိမာန်တိုက်ထုတ် စာအုပ်စာစောင်များ၊  မြန်မာ့ စွယ်စုံကျမ်းကဏ္ဍ၊     မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်၊ မြန်မာနိုင်ငံဘာသာပြန်အသင်းမှ    ထုတ်ဝေသော စာအုပ်များ၊   သုတပဒေသာစာစောင်ကဏ္ဍ၊   စာပေ ဗိမာန်မဂ္ဂဇင်းကဏ္ဍ၊  ရွှေသွေးဂျာနယ်ကဏ္ဍ၊ ရွှေသွေး ဂျာနယ်အထူးထုတ်ကဏ္ဍ၊       အမျိုးသားစာပေဆု မှတ်တမ်းဓာတ်ပုံများကို    ကြည့်ရှုလေ့လာကြသည်။

 


အခမ်းအနားအပြီးတွင်   ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများသည် စာပေဗိမာန် (၇၅) နှစ် ပြည့်         စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့   တက်ရောက်လာကြသည့်            စာပေပညာရှင်ကြီးများနှင့် အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

 


စာပေဗိမာန်သည်  (၇၅)နှစ်တာ သက်တမ်း တစ်လျှောက် အမှောင်ခွင်း၍  အလင်းဆောင်အံ့ဟူသော ဆောင်ပုဒ် နှင့်အညီ ပြည်သူလူထု  ပညာဗဟုသုတ တိုးပွားရေးတာဝန်များကို  ကျေပွန်စွာ ထမ်းဆောင် ရင်း စာပေသမိုင်းမှတ်တိုင်များစွာကို  စိုက်ထူနိုင်ခဲ့ သည်။ လူထုအလင်း၊  လူထုအိပ်ဆောင်၊   လူထု တက္ကသိုလ်စာစဉ်များ၊   ကျောင်းသုံးစာအုပ်ဘာသာပြန်များ၊   မြန်မာ့စွယ်စုံကျမ်းအုပ်တွဲများ၊ နှစ် ၅၀ စာစဉ်များ၊ စာပေ ဗိမာန်မဂ္ဂဇင်း၊    ပြည်သူလက်စွဲ စာစဉ်များ၊    လူထုသိပ္ပံကျမ်းကိုးတွဲ၊    မြန်မာစွယ်စုံ ကျမ်းနှစ်ချုပ်များ၊ ရွှေသွေးဂျာနယ်၊   သုတပဒေသာ စာစောင်   စသည်ဖြင့်    စာပေဗိမာန်သက်တမ်း တစ်လျှောက်တွင်   ထုတ်ဝေဖြန့်ချိခဲ့သည့်   တန်ဖိုး နည်းသလောက်   ဝန်ပါလှသည့်   စာအုပ်စာစောင်၊ ကျမ်းပေါင်းများစွာတို့ဖြင့်  ပြည်သူလူထုကို အကျိုးပြု ခဲ့ကြောင်း သိရသည်။               

သတင်းစဉ်