တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်  ၂၆


စစ်ကိုင်းတိုင်းဒေသကြီး     မုံရွာမြို့ရှိ     နယ်မြေခံ တပ်မတော်ဆေးရုံ၌  တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော   အရာရှိ၊  စစ်သည်၊  မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း     အဖွဲ့ဝင်များ၊      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်    ဒေသခံပြည်သူများကို    ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး တေဇကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်  သန်းထိုက်နှင့်   အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွား မှု၊   ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုကို       ရင်းရင်းနှီးနှီး   မေးမြန်းအားပေး စကားပြောကြားပြီး   အာဟာရဖြည့် စားသောက်ဖွယ်ရာများ  ပေးအပ်သည်။

 


ထို့နောက်      တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု ပြီး   လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြသည်။

 


အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)    ကျိုင်းတုံမြို့ရှိ   တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့ရှိ    နယ်မြေခံ ဆေးတပ်ရင်းနှင့်    ပဲခူးတိုင်းဒေသကြီး     တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌     တက်ရောက်ကုသမှုခံယူ လျက်ရှိသည့် သံဃာတော်အရှင်သူမြတ်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့တွင်    သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်   အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု ၍   တစ်ဦးချင်း၏   ‌ရောဂါဖြစ်ပွားမှု၊  ဆေးဝါးကုသ ပေးထားမှုနှင့်        ကျန်းမာရေးတိုးတက်မှုအခြေ အနေများကို       ရင်းရင်းနှီးနှီး       မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။

 


ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များ    ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ထို့ပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)   မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာ ရှိ          ဒေသခံပြည်သူများအား       လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း       ဆောင်ရွက်နေ မှုများကို          နယ်မြေခံတပ်မှ          တာဝန်ရှိသူများက   သွားရောက်ကြည့်ရှု  အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်