ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်  ဩဂုတ်  ၂၅


ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ် ရေးနှင့်   ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက     အပတ်စဉ် စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂၇-၈-၂၀၂၂  ရက်  (စနေနေ့) တွင် ထွက်ရှိမည့်  ရွှေသွေးဂျာနယ် အတွဲ (၅၄)၊   အမှတ်  (၃၅)  တွင် မိမိ၏ ဘဝကို  မကျေနပ်ဘဲ  ငှက် တို့၏ဘဝကို အားကျကာတုပမိ၍ ဒုက္ခရောက်ရသော    ဝက်ဝံလေး အကြောင်းကို    တင်ဆက်ထား သည့် “အတုနဲ့ အစစ်” မျက်နှာဖုံး ဇာတ်လမ်း၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး     လုပ်ငန်းများ  ဆောင်ရွက်နိုင်စေရေးကို တစ်ကမ္ဘာ လုံး   သတိထားမိစေရန်    စတင်ခဲ့ သည့် စာရေးဆရာမ ရေချယ်ကာ ဆန်အကြောင်းကို      ဗဟုသုတ ရဖွယ်       တင်ဆက်ထားသည့်  “သဘာဝပတ်ဝန်းကျင်  ချစ်ခင်သူ ရေချယ်ကာဆန်”သုတဆောင်းပါး၊  ကလေးတို့ပေးပို့သော  ကာတွန်း လက်ရာများကို   ဖော်ပြပေးထား သည့်      “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊   ပညာဉာဏ်ဗဟုသုတနှင့်     ပြည့်စုံပါက      နွားကျောင်းသားပင် ဖြစ်သော်လည်း မင်းသမီးလေး၏   ကြင်ရာဖက်အဖြစ်     ရွေးချယ်ခံ ရပုံကို        တင်ဆက်ထားသည့်     “နွားကျောင်းသားနဲ့      ရွှေမင်း သမီးလေး” နှစ်မျက်နှာကာတွန်း၊    မိဘများအနေဖြင့်   သားသမီးများ ကို   နွေးနွေးထွေးထွေး  ဆက်ဆံ ကာ ပျော်ရွှင်ချမ်းမြေ့စွာ  နေထိုင် သင့်ပုံကို   တင်ဆက်ထားသည့် “မှတ်တမ်းတစ်ခု”ဝတ္ထု၊ သူငယ်ချင်း အချင်းချင်း မြှောက်ပင့်ပြောဆိုကာ မုန့်ကပ်စားတတ်သော   ဖိုးတစ်တို အကြောင်းကို       တင်ဆက်ထား သည့်    “ဖိုးတစ်တို”   တစ်မျက်နှာ ကာတွန်း၊  မိမိ၏   ပျော်ရွှင်မှုကို ရယူလို၍ လူအများကို လှည့်ဖြား ပြောဆိုမှုကြောင့်     မိမိအမှန် တကယ်   အကူအညီလိုသောအခါ၌ အကူအညီမရဘဲ ဒုက္ခနှင့်ကြုံတွေ့ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “မိုက်မဲတဲ့ သိုးကျောင်းသားလေး မောင်ညို”  ပုံပြင်၊   ဖြတ်ထိုးဉာဏ် ကောင်း၍         အသက်ဘေးမှ လွတ်မြောက်ခဲ့သော    ယုန်လေး အကြောင်းကို    တင်ဆက်ထား သည့်   “ပြေးနိုင်လွှားနိုင်မှ”   နှစ် မျက်နှာကာတွန်း၊     ကျောင်းသူ ကျောင်းသားများ       အနေဖြင့် ကျောင်းနေစဉ်ကာလတွင်   မိမိ တို့၏  ရည်မှန်းချက်အောင်မြင်စေ ရန်   စာကြိုးစားသင့်ပုံအကြောင်း ကို  တင်ဆက်ထားသည့် “အသိ တစ်ခုရရှိခြင်း”      နှစ်မျက်နှာ ကာတွန်း၊   Conjections များ၏ အသုံးအနှုန်းနှင့်   ဝါကျများတွင် ထည့်သွင်းအသုံးပြုပုံ  အကြောင်း ကို     လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့်   “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ”      အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊  ဉာဏ်စမ်းကဏ္ဍ နှင့်        ကဗျာကဏ္ဍအပါအဝင် ကဏ္ဍ စုံလင်စွာ      ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်  စာအုပ်အရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း  သိရ သည်။                      


သတင်းစဉ်