ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ရွှေတောင်   ဩဂုတ်   ၂၅


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၄ ရက် နံနက်ပိုင်း က ရွှေတောင်စျေးကို ကြည့်ရှုစစ်ဆေးပြီး စျေးရုံများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့်     ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ   ဈေးရောင်းချနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။ 

 


ကြည့်ရှုစစ်ဆေး


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး   အစိုးရအဖွဲ့   ခွင့်ပြုရန်ပုံငွေကျပ် ၈၅ ဒသမ ၃၇ သန်းဖြင့် ကြာနီကန်လမ်းဘေးဝဲ/ယာ အုတ်ရေမြောင်းဆောက်လုပ်နေမှု၊ ရွှေတောင်မြို့နယ် တောင်လုံးညိုကျေးရွာ  တောင်သူဦးဌေးအောင်၏ တိုင်းရင်းကြက်ကောင်ရေ ၁၀၀၀ နှင့် အသားတိုး ကြက်ကောင်ရေ   ၃၀၀၀    မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 


အမြန်ဆုံးရရှိစေရေးဆောင်ရွက်


ထို့နောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်သည် ဇယ်မကျေးရွာအုပ်စု တောင်သူ ဒေါ်တင်မိုးသိန်း၏ မှော်ဘီ၂ မျိုးစေ့ထုတ်စံပြကွက်  ၇ ဒသမ ၁၂ ဧက၌ ယူရီးယားဓာတ်မြေဩဇာနှင့်    သဘာဝမြေဩဇာ စုပေါင်းကြဲပက်နေမှုကို ကြည့်ရှုအားပေးပြီး သဘာဝ မြေဩဇာ      ကျယ်ကျယ်ပြန့်ပြန့်    သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် အစိုးရအဖွဲ့က ဖြန့်ဝေပေးမည့် ဓာတ်မြေဩဇာများ       တောင်သူများလက်ဝယ် အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများ အား မှာကြားသည်။

 


ထောက်ပံ့ငွေများပေးအပ်


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၁၁၂ သန်းဖြင့် ပြည်ကမ်းနားလမ်းနံရံ အမြင့် ၁၅ ပေ၊ အလျား ပေ  ၂၀၀ တည်ဆောက်နေခြင်းကို ကြည့်ရှု စစ်ဆေးပြီး     နှစ်စဉ်လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန် နှင့်  ကမ်းနားလမ်းတစ်လျှောက်  သန့်ရှင်းသာယာ လှပစေရေးဆောင်ရွက်ရန်    မှာကြားပြီး   ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ထောက်ပံ့ငွေ များ  ပေးအပ်ပြီး  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။            

သတင်းစဉ်