
နေပြည်တော် ဩဂုတ် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကို ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည် လမ်းနှင့်(၃၇)လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနားကျင်းပပုံများကို နံနက် ၉ နာရီ ၄၅ မိနစ်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား MRTV – HD၊ MRTV News Channel ၊ MWD HD ၊ MWD Variety ၊ MITV ၊ Skynet Up to Date ၊ Channel – 9 ၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်