ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန စုဆောင်းငွေပေါ်အတိုးနှင့် စားသုံးဆီထောက်ပံ့

 

ရန်ကုန်  ဩဂုတ်   ၂၄   


ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန   ငွေစုငွေချး   သမဝါယမ အသင်းလီမိတက်၏     ၂၀၂၀- ၂၀၂၁/   ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေး နှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို သြဂုတ် ၂၃ ရက် က  ရန်ကုန်တိုင်းဒေသကြီး  သမ ဝါယမဦးစီးဌာန      အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အဆိုပါ      အစည်းအဝေးတွင် အသင်း၏  ဘဏ္ဍာရေးရှင်းတမ်း များ၊   အမှုဆောင်အစီရင်ခံစာနှင့် အသင်းစာရင်းစစ်      အစီရင်ခံစာ တို့ကို     ဖတ်ကြားတင်သွင်းအတည် ပြုခဲ့ပြီး     အသင်းသားများသို့      စုဆောင်းငွေပေါ်   အတိုးကျပ်  ၃၈ ဒသမ ၉၁ သိန်းနှင့် အသင်းသား တစ်ဦးလျှင် စားသုံးဆီတစ်ပိဿာစီ ထောက်ပံ့ပေးအပ်သည်။  

 


ထို့နောက်     ရန်ကုန်တိုင်း ဒေသကြီး     သမဝါယမဦးစီးဌာန ငွေစုငွေချး      သမဝါယမအသင်း လီမီတက်၏  ဒါရိုက်တာအဖွဲ့ဝင် များနှင့်  အသင်းသားစာရင်းစစ် များ      ရွေးချယ်တင်မြှောက်ပွဲကို ဆက်လက်ကျင်းပကြောင်း     သိရ သည်။

အာကာလင်း