ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားကို “ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင်၊ ကောင်းမွန်ပြည့်ဝ အာဟာရ၊ ဝန်းကျင်လှပ တို့ဘဝ၊ လူတိုင်းစေ့င ရရှိကြ” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပနိုင်ရေးကြိုးပမ်း

 

နေပြည်တော်   သြဂုတ်   ၂၄


၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်  ၂၂  ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ကျင်းပသည်။

 


အစည်းအဝေးသို့ အခမ်းအနား ကျင်းပရေး      ဗဟိုအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန်       ဦးကျော်မင်းဦး  နှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ သယံဇာတနှင့်    သဘာဝ ပတ်ဝန်းကျင်      ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့်   နေပြည်တော်ကောင်စီ တို့မှ   ညွှန်ကြားရေးမှူးချုပ်များ နှင့်  တာဝန်ရှိသူများ  တက်ရောက် ကြသည်။

 


 အနှစ်သာရပေါ်လွင်စွာ ကျင်းပ


အစည်းအဝေးတွင် ၂၀၂၂  ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့   အခမ်း အနားကျင်းပရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက  နွေစပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့်     အဓိကပို့ကုန် တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုး ထုတ်လုပ်မှု သိသိသာသာတိုးတက် လာစေရန် နိုင်ငံတော်က ချေးငွေ ကျပ် ဘီလီယံ  ၁၇၀   အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ    စားသုံးဆီဖူလုံရေး အတွက်    နေကြာသီးနှံ   တိုးချဲ့ စိုက်ပျိုးရေးအပါအဝင်  လယ်ယာ ကဏ္ဍ၏ ထုတ်လုပ်မှုတိုးမြှင့်ရေး ကို    အလေးထားပြီး    ပြည်တွင်း စားနပ်ရိက္ခာ   ဖူလုံရေးသာမက စားနပ်ရိက္ခာ  လိုအပ်ချက်ရှိနေ  သည့်   ဒေသများနှင့်    ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချ နိုင်ရေးအတွက်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   တိုးမြှင့်လုပ်ကိုင် နိုင်ရေးလုပ်ငန်းများကို ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ၊    တောင်သူများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ   (၄၂)   ကြိမ်မြောက် ကျင်းပပြုလုပ်မည့်  ၂၀၂၂  ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့   အခမ်း အနားကို   “ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင်၊ ကောင်းမွန်ပြည့်ဝ အာဟာရ၊ ဝန်းကျင်လှပ တို့ဘဝ၊ လူတိုင်းစေ့င ရရှိကြ”  ဟူသော ဆောင်ပုဒ်နှင့်အညီ အသွင်သဏ္ဌာန် ရော  အနှစ်သာရပါ   ပေါ်လွင်စွာ ကျင်းပနိုင်ရေးအတွက်  သက်ဆိုင် ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူ များက  ပူးပေါင်းကြိုးပမ်းပေးကြ ပါရန်     တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

 


လုပ်ငန်းစဉ်အလိုက် ဆွေးနွေး


ထို့နောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာနေ့   အခမ်းအနား ကျင်းပရေး    ဗဟိုအဖွဲ့ဝင်များက သက်ဆိုင်ရာ   ကဏ္ဍများအလိုက် တင်ပြကြရာ    အစည်းအဝေး တက်ရောက်    လာကြသူများက လုပ်ငန်းစဉ်   တစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်