နယ်စပ်ရေးရာဝန်ကြီးဌာန နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

 

နေပြည်တော်   ဩဂုတ်   ၂၄


နယ်စပ်ရေးရာဝန်ကြီးဌာန၊  နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏      လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် နယ်စပ် ဒေသဖွံ့ဖြိုးရေးနှင့်      လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဩဂုတ် ၂၃ ရက်နှင့်  ၂၄ ရက်တို့ တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး      ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျင်းပပြီးစီး ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၆ လတာကာလ  လုပ်ငန်းဆောင် ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း    အစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏   လမ်းညွှန်မှာကြားချက် များကို ထပ်ဆင့်ရှင်းလင်းမှာကြား ပြီး ဝန်ကြီးဌာနနှင့် ပတ်သက်သော ကိစ္စရပ်များကို       အသေးစိတ် ရှင်းလင်းပြောကြားသည်။

 


ထို့နောက်     ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်က  ဦးစီးဌာနဆိုင်ရာ အချက်အလက်များကို တင်ပြပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်    ပါမောက္ခ ချုပ်၊ ဒီဂရီကောလိပ် ကျောင်းအုပ် ကြီးများ၊ ဗဟိုလေ့ကျင့်ရေးကျောင်း  ကျောင်းအုပ်ကြီးနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်  ဦးစီးမှူးများက သင်တန်းကျောင်းဆိုင်ရာ  အချက် အလက်များ၊   တည်ဆောက်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုများ၊ မိုးရာသီသစ်ပင် စိုက်ပျိုးထားရှိမှု၊       ဝန်ထမ်း သက်သာ  ချောင်ချိရေးအတွက် စိုက်ပျိုး/ မွေးမြူထားရှိမှု၊  အသိ ပညာပေး        ဟောပြောပွဲများ  ကျင်းပပြုလုပ်မှု     အခြေအနေ နှင့်       အထွေထွေ     ကိစ္စရပ်များ ကို       ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊   ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း    ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အစည်းအဝေး ပထမနေ့ကို       ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။  

 


အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ကျင်းပရာ      နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ    ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က  ဦးစီးဌာနဆိုင်ရာ အချက်အလက်များကို တင်ပြပြီး ပြည်နယ်/      တိုင်းဒေသကြီး အသီးသီးမှ ဒေသဖွံ့ဖြိုးမှု ကြီးကြပ် ရေးမှူးများက     ၂၀၂၁   ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ မတ်လ အထိ   ၆ လ  ဘဏ္ဍာရေးကာလ အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုး မှုဆိုင်ရာ     တည်ဆောက်ရေး လုပ်ငန်းများ    ဆောင်ရွက်ပြီးစီး မှု၊    ဆောင်ရွက်ဆဲ     လုပ်ငန်း များ၊ ရှေ့ဆက်လက်ဆောင်ရွက် သင့်သည့်       လုပ်ငန်းများနှင့် ကျေးလက်လမ်း   ဖွံ့ဖြိုးရေးဦးစီး ဌာနမှ      လွှဲပြောင်းပေးအပ်ခဲ့ သည့်   လမ်းများနှင့်  စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြကြရာ      ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ယင်းနောက် နယ်စပ်ရေးရာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်   ဗိုလ်ချုပ်  ခွန်သန့် ဇော်ထူးနှင့်    ဗိုလ်ချုပ် ဖြိုးသန့် တို့က ၆ လပတ် ကာလအတွင်း  ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အပေါ်  အားသာချက်၊ အားနည်း ချက်များနှင့်     ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် မည့်  အစီအမံများကို  ဖြည့်စွက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။              

သတင်းစဉ်