နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင်  ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ  ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ  သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 

(ယမန်နေ့မှအဆက်)


NP News Agency မှ   ရုပ်သံတင်ဆက်သူ ဒေါ်သီရိက လူမှုကွန်ရက်၌ ကျယ်ပြန်စွာ    အသုံးပြု လာသည့် ဆယ်စုနှစ်ကာလကျော်တွင် အထူးသဖြင့် Facebook ပေါ်မှအစပြုပြီး အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သည့်   လူဦးရေအချက်အလက်များ၊ လျှို့ဝှက်များ ပေါက်ကြားရုံတင်မက   အမျိုးသား စရိုက်လက္ခဏာများ၊ ယဉ်ကျေးမှုများ၊  ရိုးရာဘာသာ တရားများ  တိမ်မြုပ်လာခြင်း   စသည့် အမျိုးသား လုံခြုံရေးစည်းများ    ကျိုးပေါက်မှုကို   မည်ကဲ့သို့ ကာကွယ်မည်ကို သိလိုပါကြောင်း၊ ဒုတိယမေးခွန်း အနေဖြင့်    နိုင်ငံခြားရေးဝန်ကြီးဌာနကို     မေးလို ကြောင်း၊   လက်ရှိသံတမန်အခင်းအကျင်းတွင် မြန်မာအစိုးရအနေဖြင့် ဖိအားပေး၊ ထိုးနှက်ခံရခြင်း ကို ကြိမ်ဖန်များစွာ ကြုံတွေ့နေရကြောင်း၊ ကြိမ်ဖန် များစွာဖြစ်လာသည့်အတွက် ဖိအားပေးထိုးနှက် သည့်အဆင့်ထက်ပိုမို၍ တိုင်းပြည်ဂုဏ်သိက္ခာကိုပါ ထိခိုက်လာပါကြောင်း၊ ထို့ကြောင့်    နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ပယ်ချကြောင်းသာ ထုတ်ပြန်ချက်ထုတ်နေကြောင်း၊     သက်ဆိုင်ရာ သံတမန်အသိုင်းအဝိုင်းကို    ထိုထက်မက     ပိုမို ထိရောက်ပြင်းထန်သည့် လုပ်ဆောင်ချက်များ၊ သက်ဆိုင်ရာနိုင်ငံ၏ သံတမန်ကို ခေါ်ယူကန့်ကွက် ခြင်း လုပ်ဆောင်ခြင်း  ရှိ/  မရှိ၊ ထိရောက်သည့် ကန့်ကွက်လုပ်ဆောင်ချက် ဆောင်ရွက်မှုမျိုးများ၊ လုပ်ဆောင်နိုင်စွမ်း ရှိ/မရှိသိလိုကြောင်း၊ တချို့သော နိုင်ငံများကို သံတမန်အဆင့် လျှော့ချထားသည်ကို သာ သိရှိထားကြောင်း၊ နံပါတ်(၃) မေးခွန်းအနေ ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို     မေးမြန်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကစိန်ခေါ်မှု များသည်  နိုင်ငံရေးမတည်ငြိမ်မှု  ကသောင်းကနင်း ဖြစ်နေသည့် အခြေအနေများ၊ စည်းမျဉ်း စည်းကမ်း များ၊  မကြာခဏ အပြောင်းအလဲ ဖြစ်ပေါ်နေခြင်း၊ ငွေဈေးမတည်ငြိမ်ခြင်းများ စသည့် များပြားသည့် စိန်ခေါ်မှုများရှိနေခြင်းကြောင့်   ရင်းနှီးမြှုပ်နှံလိုသူ များကို မည်ကဲ့သို့သော    အာမခံချက်များ  လုပ်ပေး နိုင်ပါသလဲ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် မည်သည့်အတိုင်းအတာအထိ     စီမံထားသည်ကို သိလိုကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက     ပထမဦးဆုံး Facebook လူမှုကွန်ရက်နှင့်ဆိုင်သည့်ကိစ္စ၊ ဒုတိယ က  MOFA အနေဖြင့်   လုပ်နေသည့် Diplomatic ဆိုင်ရာကိစ္စများ၊ ကန့်ကွက်လွှာများ၊ ထိုကိစ္စများကို MOFA က   ပြန်လည်ပြီး   ဖြေဆိုမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေလဲနှုန်းများ၊ FDI ကိစ္စများကို     ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာနက ဖြေကြားပေးမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာနှင့်  Facebook ၏ လွှမ်းမိုးလာမှုသည် သတင်းထောက်ကြီးတို့မြင်သည့်အတိုင်း  သုံးသပ် သည့်အတိုင်းဖြစ်ကြောင်း၊  မိမိတို့၏အမျိုးသားရေး စရိုက်   လက္ခဏာအသီးသီးအပေါ်    (National Identity)၊   ယဉ်ကျေးမှုအပေါ်၊   နိုင်ငံရေးအပေါ် တော်တော်များများ   လွှမ်းမိုးမှုရှိသည်ကို  တွေ့ရ ကြောင်း၊ အများအားဖြင့်  နိုင်ငံရေး မငြိမ်မသက် ဖြစ်အောင်လုပ်ခြင်းဖြစ်ကြောင်း၊ ယခု  လောလော ဆယ်ဖြစ်နေသည့်    ဆူပူအကြမ်းဖက်မှုများကို အများဆုံး    လှုံ့ဆော်နေသည်မှာ     Facebook ပေါ်ကဖြစ်ကြောင်း၊ Facebook ကိုင်တွယ်နေသည့် သူများ၊ Facebook နှင့် ပတ်သက်ပြီး  ကိုင်တွယ်နေ သည့်   အဖွဲ့အစည်းက  ၎င်းတို့အနေဖြင့် အမြဲတမ်း စောင့်ကြည့်နေသည်၊ ၎င်းတို့ပြောနေသည့်  Social Standard နှင့်မကိုက်ညီသည်များကို ပယ်ဖျက်နေ သည်ဟု အမျိုးမျိုးပြောနေကြောင်း၊  အမှန်တကယ်  မြန်မာနိုင်ငံအနေဖြင့် Facebook ပေါ်တွင် အဖျက်ခံ နေရခြင်းသည်    အမျိုးသားရေး၊   နိုင်ငံတော်၏ အခြေခံယဉ်ကျေးမှု  မူလဖြစ်သည့် အမျိုးဘာသာ သာသနာနှင့်ပတ်သက်လာပြီး တင်နေသည်များကို အမြဲတမ်းအဖျက်ခံနေရခြင်းကို     တွေ့မြင်ရမည် ဖြစ်ကြောင်း။

 


ဥပမာတစ်ခုအနေဖြင့်    အစောပိုင်းကပြသခဲ့ သည့် Video ထဲ၌ တပ်မတော်က        ရုရှားနိုင်ငံတွင် ပထမဆုံးသွားရောက်ပြီး       ယှဉ်ပြိုင်သည့် ဗိုလ်လောင်းများသည်     ရွှေတံဆိပ်ဆုရခဲ့ကြောင်း၊ မြန်မာနိုင်ငံတော်အလံကို       ရုရှားနိုင်ငံတွင်  နိုင်ငံတော်သီချင်းနှင့်အတူ     လွှင့်ထူခဲ့သည်ကို မြင်လိမ့်မည်ဖြစ်ကြောင်း၊  ထို  Video ကို တပ်မိ သားစုများ၊ အရပ်ဘက်ပြည်သူများက Facebook ပေါ်တွင်တင်ကြောင်း၊ Facebook ပေါ်တွင်တင်တိုင်း အမြဲတမ်းဖြုတ်ချခံရကြောင်း၊ ၎င်းတို့သည် မည်သည့် Standard ဖြစ်သနည်း၊ ၎င်းတို့ပြောနေသည့် Social Standard နှင့် မည်သည့်အရာများက ငြိနေသည်ကို မိမိမေးလိုကြောင်း၊   ထိုအကြောင်းအရာသည် အနီးဆုံးရက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်ကို  ပြောခြင်း ဖြစ်ကြောင်း၊ မိမိသတင်းစာရှင်းလင်းပွဲအစတွင် ပြောခဲ့ကြောင်း၊ စစ်ကိုင်း၌ ဖြစ်ပျက်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် တော်တော်ကို ရက်စက်ကြောင်း၊ ခရီးသည်တင်ကားပေါ်တွင် လိုက်လာပြီ    ပစ်ခတ် ခဲ့ကြောင်း၊ ခရီးသည်များကို အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့ကြောင်း၊    အမျိုးသမီးတစ်ယောက်ကို ဖမ်းချုပ်ပြီး    ၎င်းရှေ့တွင်   အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းအမျိုးသမီးသည် ညာဘက် ခြေထောက်ကိုသာ သေနတ်ထိခဲ့ပြီး သေနတ်ဒဏ်ရာ ဖြင့် သေဆုံးခြင်း  မဟုတ်ကြောင်း၊ ၎င်းသည် PDF အကြမ်းဖက်များ၏ ဓားစာခံ  လုပ်ခံရခြင်းကြောင့် ထိတ်လန့်ပြီး   သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့ခြင်းများကို လူမှုကွန်ရက်ပေါ်တွင်   Live လွှင့်ပြီး   တင်နေသည်ကို     အတင်မခံခဲ့ကြောင်း၊ မကြာခဏဖြုတ်ချခံခဲ့ရကြောင်း၊ ယခုအချိန်အတွင်း  မည်မျှအဖြုတ်ချခံနေရသည်ကို  ပြန်လေ့လာကြည့် လျှင် သိနိုင်မည်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ ထိုအကြောင်းအရာသည်     အမှန်ဖြစ်ကြောင်း၊ တော်တော်ကို   အန္တရာယ်များနေကြောင်း။

 


မိမိတို့အနေဖြင့်  ကန့်သတ်နိုင်ရေး   လုပ်ဆောင် နေကြောင်း၊ ကန့်သတ်နေသည်မှာ  နည်းနှစ်နည်းရှိ ကြောင်း၊    ပထမနည်းမှာ    ကန့်သတ်နိုင်ရေး လုပ်ဆောင်ချိန် အားလုံးသိသည့်အတိုင်း    ကျော်၍ ခွ၍ ရသည့်နည်းများဖြစ်သည့် VPN ခံပြီး  ကျော် နေရသည်များရှိကြောင်း၊ သို့သော်   ဆက်လက်ပြီး မလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်   ဆောင်ရွက်နေခြင်းများရှိကြောင်း၊ သို့သော် အပြည့်အဝ အောင်မြင်မှုများ   မရရှိသေးကြောင်း၊ ယခုကဲ့သို့    ကန့်သတ်လိုက်ပြီဆိုလျှင်     မိမိတို့ နောက်ထပ်လုပ်ရန်   တာဝန်ရှိလာသည့်တစ်ခုရှိပါ ကြောင်း၊ Social  Media ကို သုံးစွဲပြီးသား လူ တစ်ယောက်သည်  မသုံးစွဲဘဲနေ၍   မရကြောင်း၊ ၎င်း၏စိတ်အလိုဆန္ဒ   ပြည်သူလူထုအပေါ်တွင် လည်း ကြည့်ရမည်ဖြစ်ကြောင်း၊ ထိုနေရာကို အစား ထိုးနိုင်ရန်အတွက်လည်း မိမိတို့ Social Media Platform တစ်ခုကို    တီထွင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနနှစ်ခု၊ သုံးခုပေါင်းပြီး ပညာရှင် များနှင့်    ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ်သုံးအချက်မှာ ကန့်သတ်မှုများဖြစ်ကြောင်း၊ Facebook Team အနေဖြင့်    မြန်မာနိုင်ငံတွင် ယခုလောက်ပြ၍ရအောင် မည်သည့်နေရာကနေပြီး မည်သည့်ဝင်ငွေများရရှိအောင် လုပ်နေသလဲဆိုလျှင် ကြော်ငြာများသာဖြစ်ကြောင်း၊ ကြော်ငြာနေသည့်သူ များနှင့်ပတ်သက်ပြီး မြန်မာကုမ္ပဏီ၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်နေသည့် ကုမ္ပဏီများကိုလည်း မိမိတို့ အနေဖြင့် ကန့်သတ်မှုများဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တကယ်ဖြစ် ပျက်နေသည့် အန္တရာယ်နှင့်ပတ်သက်ပြီး အသိပေး သည့်အတွက်  သတင်းဌာနကိုလည်း    ကျေးဇူးတင် ကြောင်း၊ နောက်တစ်ချက်မှာ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်ပတ်သက်ပြီး    သတင်းစာရှင်းလင်းပွဲတွင် ပြောပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရပ်တည်ချက်၊ နိုင်ငံခြားရေးမူဝါဒ  တကယ်ဖြစ်ပျက်နေသည်တို့ကို မတရားစွပ်စွဲနေသည်ကို မိမိပြောပြီးဖြစ်ကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ အသေးစိတ်လုပ်ဆောင်မှုများကို     နိုင်ငံခြားရေး ဝန်ကြီးဌာနက  တာဝန်ရှိပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြီး      ပြောကြားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်၊၊ 

 


နိုင်ငံခြားရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦး က   မြန်မာအစိုးရ၏     နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို   ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အချုပ်အခြာအာဏာ၊   နယ်မြေပိုင်နက်တည်တံ့ ခိုင်မြဲရေးကို   လေးစားသည့်  မူဝါဒကျင့်သုံးလျက် ရှိကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံ အပေါ် နိုင်ငံရေးအရဖိအားပေးရန် ကြိုးပမ်းရာတွင် လည်းကောင်း၊ အခြေအမြစ်မရှိသည့်  စွပ်စွဲမှုများ ပြုလုပ်ရာတွင်လည်းကောင်း မိမိတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့်   ကြေညာချက်များထုတ်ပြန် ခြင်း၊ သက်ဆိုင်ရာသံရုံးများ (သို့မဟုတ်)  နိုင်ငံ တကာအဖွဲ့အစည်းများသို့  သံတမန်လမ်းကြောင်းမှ တစ်ဆင့်  အကြောင်းကြားခြင်းတို့ကို  လုပ်ဆောင် လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူများကလည်း    သံရုံးများ (သို့မဟုတ်)    နိုင်ငံတကာ   အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံ အပေါ် သက်ဆိုင်ရာနိုင်ငံများမှ   တာဝန်ရှိသူများ၊ လွှတ်တော်များ၏   မသင့်မလျော်ပြောဆိုဆက်ဆံမှု နှင့် ပတ်သက်၍ နိုင်ငံတကာဆက်ဆံရေးစံနှုန်းများ နှင့်အညီ အပြင်းအထန်ကန့်ကွက်   ပြောဆိုလျက် ရှိကြောင်း၊ အလားတူ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး များမှ အကြီးအကဲများကလည်း   သက်ဆိုင်ရာ နိုင်ငံများရှိ တာဝန်ရှိသူများကို တူညီသော  သတင်း စကားများ   အသိပေးပြောကြားကြောင်း၊   နောင် တစ်ချိန် အလားတူဖြစ်စဉ်မျိုး  ပေါ်ပေါက်ခဲ့ပါက လည်း မိမိတို့အနေဖြင့်  သံတမန်ရေးနည်းလမ်းများ နှင့် ကောင်းစွာဖြစ်တည်ပြီးဖြစ်သော  သံတမန်ရေးအလေ့အကျင့်ကောင်းများကို နိုင်ငံတကာသံတမန် ဆက်ဆံရေးစံနှုန်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက    တတိယအချက် ဖြစ်သော  စီးပွားရေးဆိုင်ရာနှင့် FDI ဆိုင်ရာများ၊ Foreign Exchange Rate အပိုင်းများနှင့်ပတ်သက်ပြီး ဗဟိုဘဏ်နှင့် ရင်းနှီးစီးပွား သို့မဟုတ် အပြည်ပြည် ဆိုင်ရာ     ပူးပေါင်းဆောင်ရွက်ရေး   ဝန်ကြီးဌာန၊  ထိုအဖွဲ့များက သက်ဆိုင်သူများ   ဖြေကြားနိုင်ရန် ပြောကြားသည်။  

           

                                                                                                
ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမျိုးသားစီမံကိန်းဥပဒေအရ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအနေနှင့် မြန်မာကျပ် ငွေ ၁၆၁၅ ဒသမ ၈၁၉ ဘီလီယံခန့်  မှန်းထားပြီး အိမ်ရာအဆောက်အအုံ     တည်ဆောက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍတို့ကို အဓိကထား ခွင့်ပြုနိုင်မည်ဟု  ခန့်မှန်းထားကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အဓိကအဆိုပြုထားသည် မှာ စက်မှုလုပ်ငန်းအများဆုံးဖြစ်ပြီး လျှပ်စစ်ဓာတ်အား လုပ်ငန်း၊  စိုက်ပျိုးရေးလုပ်ငန်း၊ အိမ်ရာအဆောက် အအုံလုပ်ငန်းနှင့်   ဝန်ဆောင်မှုလုပ်ငန်းများ   ပါဝင် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံက အများ ဆုံးဖြစ်ပြီး ဟောင်ကောင်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့်      နိုင်ငံတော်      ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်     တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များ   ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား ၉ ခု ကိုအဆိုပြုထားပြီး     အဆိုပြုလွှာတင်လာခဲ့လျှင် ထိုလုပ်ငန်း ၉ ခုကို  ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ကြေညာထားပြီးဖြစ်ကြောင်း။

 


ထိုလုပ်ငန်း ၉ ခုမှာ ဓာတ်မြေဩဇာထုတ်လုပ် ခြင်းလုပ်ငန်း၊     ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်းစသည့်    လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၊   တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ယာဉ်များ ထုတ် လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်း   ထုတ်လုပ်ခြင်းလုပ်ငန်း၊    အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဆီထွက်သီးနှံဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ   လုပ်ငန်းများဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်ပြီး    လာရောက် ရင်းနှီးမြှုပ်နှံပြီး   ဆောင်ရွက်မည်ဆိုလျှင် ရင်းနှီး မြှုပ်နှံသူ   ဦးတည်စနစ်    (Investor targeting)နည်းလမ်းအား အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားအလာ ရှိသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ် ထားသည့်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ရန်    အဆိုပြုလွှာ     တင်လာမည်ဆိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊   တိုင်းဒေသကြီး၊    ပြည်နယ်များကို လိုအပ်သလို    လျင်မြန်စွာ     ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး စီးပွားကူးသန်း Website များတွင်      ပြန်လည်ပြီး ထုတ်ပြန်လျက်ရှိကြောင်း၊       ဒေသဆိုင်ရာစာသည် အလက်များ   တကယ်ဖြစ်ပျက်နေသည့် အချက် အလက်များကို ယခုအကြံပေးသွားသကဲ့သို့ မသိ သေးသည်မှာ များပြားနေသည်ကို တွေ့ရကြောင်း၊ ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ  ဝန်ကြီးဌာနများ၊ စီးပွားကူးသန်း၊ ရင်းနှီးစီးပွားအဖွဲ့များနှင့်  ကျန်ရှိ နေသည့် အဖွဲ့များ သက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိတို့လုပ်ဆောင်နေသည်များ၊ FDI ဝင်ရောက်လာ မှုများ ထုတ်ပြန်နိုင်သည့်သတင်းများကို မြန်မာပိုင်း တွင်သာမက   အင်္ဂလိပ်ပိုင်းကိုပါ   တတ်နိုင်သမျှ ထုတ်ပြန်ပေးရန် ပြောလိုကြောင်း၊ မိမိတို့ ချိတ်ဆက် ထားသည့်   Information   Team   ရှိကြောင်း၊ Information Team သို့ ထိုအချက်အလက်များကို ပေးရန်ပြောလိုကြောင်း၊ Media အများစုက Infor-mation Team တွင် လာကြည့်ကြကြောင်း၊ ဝန်ကြီး ဌာနများမှ ထုတ်ပြန်စေလိုသည့် အချက်အလက်များ ရှိလျှင်  English  Section အနေနှင့်ရော Myanmar Section အနေနှင့်ပါ   Information Team ကို ပေးရန် မိမိပြောလိုကြောင်း ၊ Information Team ကိုပေးပြီး     မိမိတို့   ပြန်တင်ပေးသည့်အချိန်တွင် ပိုမိုပြီး သတင်းပျံ့နှံ့နိုင်သည်ဟု    ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်၊၊ 

 


Myanmar   Hard   Talk   သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းက လက်ရှိအချိန်တွင် တချို့လူငယ်များသည် ၎င်းတို့ကို နိုင်ငံတော်အစိုးရ က ပစ်ပယ်ထားသည်ဟု ခံစားနေသည့်လူငယ်များ ရှိကြောင်း၊   တချို့လူငယ်များက   နိုင်ငံခြားကို ထွက်သွားသည့် လူငယ်များရှိကြောင်း၊ တချို့လူငယ် များက ပြည်တွင်းတွင် ကိုယ်ပိုင်စီးပွားရေး တစ်နိုင် တစ်ပိုင်လုပ်ကိုင်နေကြကြောင်း၊ တချို့လူငယ်များ က    အစိုးရဝန်ထမ်းများ၊    ကုမ္ပဏီဝန်ထမ်းများ၊ ပညာသင်ကြားနေသည့်    လူငယ်များလည်း   ရှိ ကြောင်း၊ မြန်မာပြည်ထဲတွင်ရှိနေသည့် ကိုယ်ပိုင် စီးပွားရေးလုပ်နေသည့် လူငယ်များက အကယ်၍ နိုင်ငံတော်အစိုးရအနေဖြင့်   ၎င်းတို့ကို   စီးပွားရေး လုပ်ရန် အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးငှားခြင်း အစီအစဉ်ရှိ / မရှိ  သိလိုပါကြောင်း၊ ပညာသင်ယူ နေသည့်လူငယ်များအတွက်   အချိန်ပိုင်းအလုပ် ဖန်တီးပေးရန်  အစီအစဉ်ရှိ / မရှိ သိလိုပါကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက လူငယ်များအတွက် အကြံပေးသည့်အတွက်   ကျေးဇူးတင်ကြောင်း၊ လူငယ်များနှင့်   ပတ်သက်ပြီး    သီးခြားဆောင်ရွက် ထားခြင်း မရှိသေးကြောင်း၊ အကြံပြုချက်များကို သက်ဆိုင်ရာများသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရင်းနှီးမြှုပ်နှံမှုတိုးတက်ရန်    ငွေကျပ် ဘီလီယံ ၄၀၀ ကို ခွင့်ပြုထားသည့်   အထဲတွင် ငွေကျပ် ဘီလီယံ ၃၃၀ ဆောင်ရွက်ထားပြီး   ဖြစ် ကြောင်း၊ ကျန်သည့်ငွေထဲမှ ယင်းအကြံပြုချက်များ တွင် သုံး၍ရ/မရ ဆက်လက်ဆွေးနွေးသွားရမည့် အစီအစဉ်များရှိကြောင်း၊ အစိုးရအနေဖြင့် လူငယ် များနှင့်ပတ်သက်ပြီး ပစ်ပယ်ထားခြင်းမျိုး    မရှိ ကြောင်း၊ ပစ်ပယ်ထားခြင်းမရှိသည့်အတွက်လည်း တောထဲနှင့် တချို့နေရာများတွင်  ရောက်ရှိနေသည့် လူငယ်များကိုလည်း      ပြန်လာရန်အမြဲဖိတ်ခေါ် ခြင်းများရှိကြောင်း၊ ဖိတ်ခေါ်နေသည့်အပြင် လူငယ် များနှင့်ပတ်သက်ပြီး လူငယ်များကို   ပညာရေးတွင် ဆုံးခန်းတိုင်အောင် ပညာသင်ယူကြရန် တိုက်တွန်း လိုကြောင်း၊ လုပ်ငန်းခွင်ရောက်နေသည့် လူငယ်များ အတွက်လည်း အခွင့်အရေးများ ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ အခွင့်အရေးများ   ဖန်တီးပေးနိုင်ရန် လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

 


သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက ၂၀၂၀ ပြည့်နှစ်   ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးကို မေးခွန်းထုတ်လိုပါ ကြောင်း၊ နှစ်ဖက်စလုံးဆိုသည့်နေရာတွင် ပထမဦး ဆုံးအနေဖြင့် NLD  ပါတီက တာဝန်ရှိ ပုဂ္ဂိုလ်များကို သတင်းစာရှင်းလင်းပွဲမှ မေးခွန်းထုတ်လိုကြောင်း၊ ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ကျင်းပခဲ့ သည့် ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲအပြီးတွင် တပ်မတော်ဘက်မှ  မဲစာရင်းမှားယွင်းမှုများ ရှိနေ ကြောင်း၊      မဲမသမာမှုများ     ဖြစ်နေကြောင်းကို ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြောင်း၊ ထို့နောက် သတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး   သတိပေးခဲ့ ကြောင်း၊   ယင်းမဲမသမာမှုများနှင့်   ပတ်သက်ပြီး  သက်ဆိုင်ရာပုဂ္ဂိုလ်များကို ဖြေရှင်းပေးရန် အကြိမ် ကြိမ် တောင်းဆိုခဲ့ကြောင်း၊ အကယ်၍    ယင်းမဲ မသမာမှုများမဖြေရှင်းဘဲ အစိုးရဖွဲ့ပြီး    နိုင်ငံတော် အာဏာကို   အတင်းအဓမ္မ     ရယူခဲ့မည်ဆိုလျှင် တပ်မတော်အနေဖြင့် မဖြစ်မနေမလွှဲသာမရှောင်သာ အာဏာထိန်းခြင်း (သို့မဟုတ်) အာဏာသိမ်းခြင်း များ    တစ်ခုခုလုပ်နိုင်သည်ဟု   သိပါလျက်နှင့် ယင်းမဲမသမာမှုများကို မည်သည့်အတွက်ကြောင့် ပြန်လည်မဖြေရှင်းပေးခဲ့ပါသလဲ၊          နောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အစိုးရကို   မေးခွန်းထုတ်လိုသည်မှာ    ၂၀၂၀  ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲစာရင်းမသမာမှု များ၊ မဲစာရင်း မှားယွင်းမှုအားလုံးကို ယနေ့အချိန်ထိ တာဝန်ရှိပုဂ္ဂိုလ်များက ဖြေရှင်းပေးခြင်းမရှိသေး ကြောင်း၊ လက်ရှိ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးသည့်အခါ မဲစာရင်း  မှားယွင်းမှုများ သည် သာမန်သဘောရိုးမှားယွင်းခြင်းမျိုး မဟုတ်ဘဲ စနစ်တကျ အကွက်ကျကျ ကြိုတင်စီစဉ်ထားသည့် မဲလိမ်မဲခိုးမဲညစ်မှုများဖြစ်သည်ကို စိစစ်ဖော်ထုတ် ပြီးဖြစ်ကြောင်း၊  ထိုလုပ်ရပ်သည် မိမိတို့  မြန်မာ နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတစ်လျှောက်လုံးတွင် အဆိုးရွားဆုံး၊  အညစ်ပတ်ဆုံး    မဲခိုးမှုဟုပြော၍ ရကြောင်း၊  ယင်းကို    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ယနေ့အချိန်ထိ   မူလ အတိုင်းမပြောင်းလဲဘဲ    မဲမသမာမှုဟု    သုံးနှုန်း နေသည်ကိုတွေ့ရကြောင်း၊        မဲခိုးမဲလိမ်သည်ကို    မဲခိုးမဲလိမ်ခြင်းဟု          မပြောရလောက်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် မည်သည့်အခက်အခဲများ  ရှိနေသည်ကို   သိလိုပါ ကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ခဲ့သည့် လွှတ်တော်   ကိုယ်စားလှယ်တစ်ဦးကိုယ်တိုင်က ၎င်းမဲဆန္ဒနယ်တွင် ဖြစ်ခဲ့သည့် မဲဆန္ဒစာရင်းများကို လာပြကြောင်း၊    ယင်းကဲ့သို့      ဖြစ်စဉ်များကို တပ်မတော်သို့အကြောင်းကြားလာကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ၎င်းတို့ကို မဲစာရင်းများ စစ်ဆေး ပေးနိုင်ရန် တောင်းခံခဲ့ကြောင်း၊ မီဒီယာများမြင်သည့် အတိုင်း မိမိတို့သာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရ ကြောင်း၊ မဲစာရင်းများပေးရန် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ မဲစာရင်းများကို တောင်းသော် လည်း မဲစာရင်းများကို မပေးနိုင်ဘူးဟု ငြင်းကြောင်း၊ ဥပဒေထဲတွင်မပါဘူးဟု  ငြင်းသည့်အတွက် ဥပဒေ ထဲတွင်ပါပြီးသားဖြစ်ကြောင်း၊ မဲဆန္ဒရှင်မည်သူမဆို တောင်းလျှင် ၂၅ ကျပ်ပေးပြီး တောင်း၍ရကြောင်း၊ မပေးသည့် အတွက်ကြောင့် နောက်တစ်ခါ မိမိတို့က စာရင်းများအရ ပြန်လည်၍  တိုက်ဆိုင်စစ်ဆေး ကြောင်း၊ မိမိတို့အားလုံးသတိပြုရမည်မှာ    အချက် နှစ်ချက်ကို ထောက်ပြလိုကြောင်း။

 


နံပါတ်တစ်အချက်က    ဇန်နဝါရီလကုန်ခါနီး မီဒီယာများပေါ်တွင်လည်း       လက်ရေးမူဖြင့် စာတစ်စောင်တွေ့မည်ဖြစ်ကြောင်း၊ အကြီးအကဲ များကိုယ်တိုင် လက်ရေးဖြင့်ရေးပြီး လက်မှတ်ထိုးပြီး ပို့လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် နိုင်ငံ တော်သမ္မတဖြစ်သူထံနှင့် ကျန်သည့်အကြီးအကဲများ ထံသို့ ထိုစာရောက်ရှိကြောင်း၊ ထိုစာထဲတွင် အချက် သုံးချက်ကို ရှင်းရှင်းလင်းလင်းပြောထားကြောင်း၊ နံပါတ်တစ်အချက်က   မဲမသမာမှုများ၊   မဲစာရင်း လွဲမှားမှုများဖြစ်နေကြောင်း၊ ယင်းမဲစာရင်းများကို တပ်မတော်၊ အစိုးရ၊ ကြားနေအဖွဲ့အစည်းပါသည့် အဖွဲ့ဖွဲ့ပြီး စစ်ပေးရန်၊ နံပါတ်နှစ်အချက်က မဲစာရင်း စစ်နေသည့်အချိန်တွင်    လွှတ်တော်ကိုမခေါ်ဘဲ ခေတ္တဆိုင်းငံ့ထားရန်၊ နံပါတ်သုံးအချက်က စစ်ဆေး ပြီးလျှင် ဥပဒေအတိုင်း     ဆက်လုပ်သွားမည်ဖြစ် ကြောင်း၊ မိမိတို့ ဝင်ရောက်ပတ်သက်မည့်  ကဏ္ဍ မပါဝင်ကြောင်း၊ ထိုအချိန်တွင် မီဒီယာများအားလုံး လည်း သတိပြုမိမည်ဖြစ်ကြောင်း၊ တချို့နေရာများ တွင် မဲစာရင်းများစစ်ဆေးရန်    ကွန်ပျူတာများ ယူလာခြင်းများတွေ့ရကြောင်း၊ ကျောင်းများတွင် ကွန်ပျူတာများစုပြီး ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် သုံးလေးရက်အလိုတွင် မဲစာရင်းများ စစ်ဆေးရန် အသံများထွက်လာကြောင်း၊ ထို့နောက် တစ်ရက်၊ နှစ်ရက်အလိုတွင် ပြန်ပျောက်သွားကြောင်း၊ ၎င်းတို့ အသိုင်းအဝိုင်းတွင်   လွှတ်တော်ကို   ခေတ္တခေါ်ပြီး လွှတ်တော်ဖွင့်ခြင်းပြုလုပ်ပြီး မဲစာရင်းစစ်ဆေးရန် နှစ်ပတ်ခန့်ဆိုင်းငံ့ပြီး မဲစာရင်းစစ်မည်ဟုပြောပြီး ပျောက်သွားကြောင်း။

 


လွှတ်တော်ကျင်းပပြီး နိုင်ငံတော်၏ အာဏာ၊ မဲလိမ်၊ မဲခိုးခြင်းကို  ၎င်းတို့ပဲ   ယူမည်ဟုလုပ်သည့် အချိန်တွင် ဖေဖော်ဝါရီ ၁ ရက်ကိစ္စဖြစ်လာကြောင်း၊ ၎င်းတို့အနေဖြင့်  မဲစာရင်းစစ်ဆေးရန် အုပ်စုနှစ်စု ကွဲနေကြောင်း၊ အချိန်တန်လျှင် မည်သူကမည်သို့ ဖြစ်သည်ကို ထုတ်ပြောမည် ဖြစ်ကြောင်း၊ မည်သူက မည်သည့်နေရာတွင် မဲစာရင်းစစ်ဆေးလိုကြောင်း၊ မည်သူက  မဲစာရင်းမစစ်ဆေးလိုကြောင်း၊  တိတိ ကျကျပြောရလျှင် ၎င်းတို့ပါတီထဲတွင်   ရှိနေသည့် သူများအနေဖြင့် ၎င်းတို့ပါတီ၏သိက္ခာအရ စစ်ဆေး လိုကြောင်း၊ သို့သော် အစိုးရအဖွဲ့ထဲတွင်  ရောက်နေ သည့်သူများက  မဲစာရင်းများကို  စစ်ဆေးမခံလို ကြောင်း၊ အဘယ့်ကြောင့်ဆိုသော်  ထိုမဲမသမာမှုများ ကို ၎င်းတို့ညွှန်ကြားချက်ဖြင့်    ၎င်းတို့ကိုယ်တိုင် လုပ်ခဲ့သည့်အတွက်         မဲစာရင်းစစ်လိုက်လျှင် မဲမသမာမှုများတွေ့ရမည်ဖြစ်ကြောင်း၊  စစ်လိုက်၍ တွေ့လျှင် ထိုပါတီသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အရ လုံးဝလုပ်စား၍ ရမည်မဟုတ်ကြောင်း၊ မဲလိမ် မဲခိုးသည့်ပါတီဆိုပြီး         သမိုင်းတွင်သွားမည် ဖြစ်ကြောင်း။

 


အကြောင်းအခြင်းအရာအရ   ပြောရလျှင် ယင်းအချိန်တွင် တပ်မတော်ကို ပြောနေသည့်စကား များသည် တပ်မတော်ကို အာဏာမသိမ်း   သိမ်း အောင် ၊ ဇာတ်နာအောင်လုပ်သည်ဟု ယူဆကြောင်း၊ အာဏာမသိမ်း သိမ်းအောင် ဆွနေသည်ဟု ယူဆရ ကြောင်း၊ “သိမ်းရဲသိမ်းကြည့်ပါလား၊     သိမ်းရင် အားလုံးနှင့် တွေ့မယ်”    စသဖြင့်ပြောကြကြောင်း၊ မဲလိမ်မဲခိုးမှုကြောင့် ဖြစ်သွားလျှင်  နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် ရပ်တည်ခွင့်၊ သိက္ခာပိုင်းဆိုင်ရာ အဖတ်ဆယ်၍ မရနိုင်သည့်အကြောင်းအရာများကို တပ်မတော်ဆိုသည့်  ဟင်းခတ်ဇွန်းကို မဖြစ်မနေ ခတ်မိအောင်လုပ်ပြီး  အဖတ်ဆယ်သည်ဟု  မိမိ မြင်ကြောင်း၊ နံပါတ်နှစ်အချက် မဲမသမာမှုဟု သုံးစွဲ ခဲ့ကြောင်း၊ ယခုအချိန်ထိလည်း   နိုင်ငံတော်အကြီး အကဲ အနေဖြင့်လည်း မဲမသမာမှုဟု သုံးစွဲကြောင်း၊ သို့သော် တပ်မတော်သည်    Institution တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး စတင် ကြိုးပမ်းစဉ်ကာလကတည်းက ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ယင်း အဖွဲ့အစည်း တစ်ခုအနေဖြင့် ပြည်သူလူထုကပေါက်ဖွားလာသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊       နိုင်ငံရေး ယဉ်ကျေးမှုအရ မိမိတို့အစိုးရသည် မဲမသမာမှုဟု သုံးခြင်း ဖြစ်ကြောင်း၊ သို့သော် မဲမသမာမှုများသည် မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို အားလုံးသိပြီး ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအရ မိမိတို့ သုံးနှုန်းနေခြင်း ဖြစ်သည်ဟုပြောလိုကြောင်း  ပြန်လည်ဖြေကြား သည်။ 

 


ဆက်လက်၍  သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက   ပြည်သူများ လက်ရှိရင်ဆိုင်တွေ့ကြုံနေရသည့် အကြမ်းဖက်မှု ကိစ္စရပ်များ ချုပ်ငြိမ်းရန်     အကြံပြုလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်      ပြီးခဲ့သည့် တရားခွင်တွင်    NUG / CRPH ကို    မသိဘူးဟု ထွက်ဆိုခဲ့သည့်သတင်းများ ထွက်ပေါ်နေကြောင်း၊ သို့သော် တပ်မတော်ကအာဏာထိန်းစကာလတွင်  NLD ပါတီနာယက      ဦးဝင်းထိန်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်၏  ပြည်သူသို့ ပန်ကြားချက် ဆိုသည့်   စာသည်  ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်စစ်စစ်ဖြစ်ကြောင်း၊ ၎င်းအသက်ဖြင့်ရင်းပြီး အာမခံသည်ဟု မီဒီယာများကို ထုတ်ပြန်ခဲ့ခြင်းရှိ ကြောင်း၊  ယင်းစာတွင် ပါသည့်စာအရ တပ်မတော် အာဏာသိမ်းခြင်းကို    ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်  လက်မခံဘဲ တစ်ခဲနက်ဆန့်ကျင်ကြရန်  ၎င်း၏တိုက်တွန်းချက်အရ NLD မှ NUG/ CRPH/PDF ဆိုသည့် အဖွဲ့အစည်း အသီးသီး  ဆင့်ကဲဆင့်ကဲ  ပေါက်ဖွားမွေးဖွားလာခြင်းရှိကြောင်း၊    သို့သော်  တရားခွင်တွင်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NUG/ CRPH/PDF ကို မသိဘူးဆိုသည့် စကားလုံး တစ်လုံးနှင့် မိမိတို့နိုင်ငံတွင် လက်ရှိ  ရင်ဆိုင်နေရ သည့်  နိုင်ငံရေးအကျပ်အတည်းများ၊ အခက်အခဲ များ၊ အကြမ်းဖက်ကိစ္စရပ်များသည် လုံလောက်မှုမရှိ သည်ကို   တွေ့ရကြောင်း၊  ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်၏ သဘောထားမှတ်ချက် NUG / CRPH / PDF များ၏အပေါ်တွင် ၎င်းအနေဖြင့် ထောက်ခံလျှင်  ထောက်ခံကြောင်း၊  ကန့်ကွက်လျှင် လည်း  ကန့်ကွက်ကြောင်း၊ အသိအမှတ်ပြုလျှင် လည်း    အသိအမှတ်ပြုကြောင်း    စသည့် ၎င်း၏ သဘောထား မှတ်ချက်ရုပ်သံကို မိမိတို့ မြန်မာနိုင်ငံ တွင်သာမက ကမ္ဘာ့နိုင်ငံများကပါ  ရုပ်သံမှတ်တမ်း အနေဖြင့် ချပြရန်အစီအစဉ်ရှိ /မရှိ သိလိုပါကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စများသည် ကြိုတင်ပြောနိုင်သည့် အကြောင်းအရာများ မဟုတ် ကြောင်း၊ သို့သော် နိုင်ငံရေးတွင် မဖြစ်နိုင်ဘူးဟူ၍ မရှိသကဲ့သို့ ဖြစ်လာချိန်တန်လျှင် ဖြစ်လာလိမ့်မည် ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
NP News သတင်းဌာနမှ    အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် EAO အဖွဲ့ ၁၀ ဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး    ရလဒ် ကောင်းများရရှိခဲ့သည်ဟု     သတင်းစကားများ ကြားရကြောင်း၊ ယမန်နေ့ညက ပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း ငြိမ်းချမ်းရေးနှင့်   ပတ်သက်၍ နားလည်သူများကလာရောက်ပြီး  နားမလည်သည့် သူများအနေဖြင့် ဘေးမှကန့်လန့်ပြောဆိုမှုများရှိသည်ဟု ပြောသည်ကို တွေ့ရကြောင်း၊ မကြာမီ ကာလအတွင်း လာရောက်ဆွေးနွေးခဲ့သော EAO အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံသွားမည်ဆိုသည့် သတင်း စကားကိုလည်း ကြားသိရကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့မှာ ၁၀ ဖွဲ့ရှိပြီး ဆွေးနွေးခြင်းမပြု၊ တပ်မတော်ကို မယုံကြည်ဘဲ အပြုတ်တိုက်မည်ဟု ကြွေးကြော်နေသည့်အဖွဲ့က တစ်ဖက်ရှိပါကြောင်း၊ အပြုတ်တိုက်မည်ဆိုသည့်အဖွဲ့များကို   မည်သည့် သတင်းစကားများ ပြောကြားလိုသည်ကို    သိလို ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့ ၁၀ ဖွဲ့ကို    မည်သည့်သတင်းစကားများ ပြောကြား လိုသည်ကိုသိလိုကြောင်း၊ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAO အဖွဲ့များနှင့်တွေ့ဆုံသကဲ့ သို့ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမည်ဟုဆို သည့်သတင်းများကိုလည်း   ကြားသိနေရသော ကြောင့်    ထိုသတင်းမှာ အမှန်တကယ်    ဟုတ်၊ မဟုတ်နှင့်   အမှန်တကယ်ဖြစ်ပါက     မည်သည့် အချိန်ခန့်တွင်    တွေ့ဆုံမည်ကို     သိလိုကြောင်း မေးမြန်းသည်။

 


 ဗိုလ်ချုပ်   ဇော်မင်းထွန်းက  EAO ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး  ထိုအဖွဲ့များနှင့် ဒုတိယအကြိမ်      ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊   တွေ့ဆုံ ခဲ့ပြီးဖြစ်သည့် EAO ၁၀ ဖွဲ့က ပြောကြားခဲ့သည့် အကြံပြုချက်များ၊ လိုလားချက်များ၊ တိုက်တွန်းချက် များရှိကြောင်း၊      ထိုအကြောင်းအရာများနှင့် ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် အလေးအနက် ထားမှတ်သား၍    ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအကျော့တွင်လည်း       ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သကဲ့သို့ EAO အဖွဲ့များအနေဖြင့်   လုပ်ချင် သည့် ကိစ္စများရှိကြောင်း၊ မိမိတို့အနေဖြင့်  လုပ်နိုင် သည့် ကိစ္စများရှိကြောင်း၊ လုပ်ချင်သည့်ကိစ္စနှင့် လုပ်နိုင်သည့်ကိစ္စ ကြားထဲ၌ လုပ်သင့်သည့်ကိစ္စများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် EAO အဖွဲ့များနှင့်  အစွမ်းကုန်ပွင့်လင်းစွာ ဆွေးနွေး ပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံ သည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် လိုအပ်သည်များနှင့်  ၎င်းတို့၏ လိုလားချက်များကို ဆွေးနွေးကြကြောင်း၊ ယခုလက်ရှိ အခြေအနေအရ အဆိုပါစနစ်ကို ကျင့်သုံးနိုင်သည့်အရာများတွင် အခြေခံဥပဒေကို   ပြင်ပြီးမှသာလျှင်   ကျင့်သုံးနိုင် မည့်အရာများရှိသကဲ့သို့ အခြေခံဥပဒေကို မပြင်မီ ကျင့်သုံးနိုင်မည့်    အရာများလည်းရှိကြောင်း၊ ကျင့်သုံးနိုင်သည်များကို လက်တွေ့စတင်ကျင့်သုံး မည်ဟု ပြောပြီးဖြစ်ကြောင်း၊   အခြေခံဥပဒေနှင့် ပတ်သက်၍ လွှတ်တော်ထဲတွင်  ပြင်ရမည့်အချက် များကို   တပ်မတော်အနေဖြင့်   ကတိပေးပြီးဖြစ် ကြောင်း၊ နောင်ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် အထက်ပါအချက်များနှင့် ပတ်သက်၍ အဆိုပြုချက် များတင်သွင်းရာ၌     တပ်မတော်ကအပြည့်အဝ ထောက်ခံမည်ဟု ပြောပြီးဖြစ်ကြောင်း၊  အထက်ပါ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 


တတိယအချက်အနေဖြင့်    ဒေသဖွံ့ဖြိုးရေး အတွက် မိမိတို့    လုပ်ဆောင်ပေးရမည့်ကိစ္စများ ရှိကြောင်း၊  လုပ်ဆောင်ပေးရမည့်   ကိစ္စများကို အတတ်နိုင်ဆုံးကြိုးစား၍ ပြည့်ပြည့်ဝဝ ဆောင်ရွက် ပေးမည်ဟုပြောချင်ကြောင်း၊      ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့  မတက်ရောက်သော EAO အဖွဲ့များကို ပြောလိုသည်မှာ ယခုအချိန်သည် ငြိမ်းချမ်းရေး အတွက် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ပြောလို ကြောင်း၊   အဘယ့်ကြောင့်ဆိုသော်    အုပ်ချုပ်မှု အာဏာနှင့် ပတ်သက်၍ တပ်မတော်ကအစိုးရဖြစ်ပြီး အခြေခံဥပဒေကိုကျော်လွန်၍   တရားဥပဒေကို ပြဋ္ဌာန်း၍မရကြောင်း၊ သို့သော် အချို့သော တရား ဥပဒေပြဋ္ဌာန်းချက်များ       ဆောင်ရွက်ချိန်တွင် ပုဒ်မ-၄၂၉ အရ      ဆောင်ရွက်ခွင့်ရှိသည်မှာ  တပ်မတော်သာဖြစ်ကြောင်း၊ တရားစီရင်ရေးတွင် လည်း    ကိုယ်တိုင်သော်လည်းကောင်း၊   အပ်နှင်း ထားသူကသော်လည်းကောင်း  ဆောင်ရွက်ပေးနိုင် သည့်အခြေအနေများရှိကြောင်း၊     ထို့ကြောင့်   ယခုအချိန်သည်        ငြိမ်းချမ်းရေးဆွေးနွေးရန် အကောင်းဆုံး    အချိန်ဖြစ်ပြီး   တစ်ဖွဲ့တည်းဖြင့် အပြီးအပြတ် ဆွေးနွေးနိုင်သည့်အချိန်၊ အာမခံချက် ပေးနိုင်သည့်အချိန်ဖြစ်ကြောင်း၊     ရန်စမှုများနှင့် ကြွေးကြော်မှုများကိုလည်း     တွေ့ရကြောင်း၊ ထိုအချက်များမှာ    ၎င်းတို့အယူအဆနှင့်    ၎င်းတို့      ဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် လက်နှစ်ဖက်ကို ကိုင်စွဲထားကြောင်း၊    တစ်ဖက်မှာ    ၂၀၂၂ ခုနှစ် အတွင်း ငြိမ်းချမ်းရေးကို အဆင့်တစ်ခုအထိရအောင် လုပ်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း    ငြိမ်းချမ်း ရေးဆွေးနွေးနိုင်ရန်     အမြဲတမ်း    တံခါးဖွင့်ထား ကြောင်း၊ ထိုအချက်နှင့်အညီ    လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်များ ကို   ထိခိုက်လာသည့်   လုပ်ငန်းမှန်သမျှကို မိမိတို့ အနေဖြင့်      တုံ့ပြန်ဆောင်ရွက်သွားရန်ရှိသည်ဟု    ပြောလိုကြောင်း။  

 


ယခု လတ်တလောတွင်   နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အစီအစဉ်  မရှိသေးကြောင်း၊ နိုင်ငံရေး ပါတီများနှင့် ပထမဦးဆုံးတွေ့ဆုံမည့်    အဖွဲ့အစည်း မှာ UEC ဖြစ်ကြောင်း၊ UEC အနေဖြင့် နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံရန်  ရေးဆွဲထားသည့်    နိုင်ငံရေးပါတီ များ        မှတ်ပုံတင်ခြင်းဥပဒေအသစ်ရှိကြောင်း၊  နောင်လာမည့် ရွေးကောက်ပွဲကို PR စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း PR စနစ်ကို အလုံးစုံပြုလုပ်မည်မဟုတ်ဘဲ      ပြုလုပ်နိုင်မည့် လွှတ်တော်တစ်ရပ် သို့မဟုတ်  နှစ်ရပ်ကိုသာ   PR စနစ် ပြုလုပ်မည်ဖြစ်ကြောင်း၊ ရည်မှန်းထားသည်ကို ပြောခြင်းဖြစ်ကြောင်း၊ အားလုံးကို PR စနစ်လုပ်မည် မဟုတ်ကြောင်း၊ UEC နှင့်ဆွေးနွေးပြီး ယခုကိစ္စများ ပြီးစီးပါက နိုင်ငံရေးပါတီများနှင့်   တွေ့ဆုံဆွေးနွေး ခြင်းသည်       မဖြစ်မနေပြုလုပ်ရမည့်     လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များ ပြီးဆုံးသည့်အချိန်တွင် ဖြစ်စေ၊ လုပ်ငန်းစဉ်များ    စတင်ဆောင်ရွက်သည့် အချိန်တွင် ဖြစ်စေ တွေ့ဆုံနိုင်လိမ့်မည်ဟု    ပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။ 

 


(ဆက်လက်ဖော်ပြပါမည်)