ဥပဒေရေးရာဝန်ကြီးဌာနက Myanmar Laws (2019) စာအုပ်ထုတ်ဝေ

 

နေပြည်တော်   ဩဂုတ်  ၂၃ 
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏  လမ်းညွှန်ချက်နှင့်အညီ   ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပြီး    ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များ ပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် လျက်ရှိရာ  နှစ်စဉ်ပြဋ္ဌာန်းခဲ့သော  ဥပဒေများကို ဘာသာပြန်ဆို၍ နှစ်အလိုက်  Myanmar  Laws  စာအုပ်များ  ထုတ်ဝေလျက်ခဲ့ပြီး ယခုအခါ Myanmar  Laws (2019) စာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။
Myanmar Laws (2019)  စာအုပ်သည်   ၂၀၁၉  ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်မှ   ပြဋ္ဌာန်းခဲ့သော  ဥပဒေများကို  စုစည်း ဘာသာပြန်ဆို၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် အင်္ဂလိပ် ဘာသာဖြင့်ပြန်ဆိုထားသော ဥပဒေပေါင်း ၄၀ ပါဝင်သည်။ 
အဆိုပါ Myanmar Laws(2019) စာအုပ်သည် တရားဝင်ရည်ညွှန်း ကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ နှင့် ဥပဒေပညာလေ့လာလိုသူများအတွက် လိုအပ်သောစာအုပ်ကောင်း တစ်အုပ်ဖြစ်သည့်အပြင်   စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သတင်းရရှိသည်။              သတင်းစဉ်

 

ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အမိန့်များ စာအုပ်ထုတ်ဝေ

 

နေပြည်တော်  ဩဂုတ်  ၂၃ 
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး  ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များ ပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်သော အမိန့်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ    နှစ်စဉ်ထုတ်ပြန်လျက်ရှိသော နည်းဥပဒေများ၊    လုပ်ထုံးလုပ်နည်းများကို  စုစည်း၍  နှစ်အလိုက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်များစာအုပ်ကို ထုတ်ဝေခဲ့ရာ ယခုအခါ ၂၀၂၁ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်များ စာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။ 
“၂၀၂၁ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အမိန့်များ” စာအုပ် သည် ၂၀၂၁   ခုနှစ်အတွင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သော   အမိန့်များနှင့်   ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပြန်ခဲ့သော   နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်းများကိုစုစည်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင်  နည်းဥပဒေ  ရှစ်ခု၊ လုပ်ထုံး  လုပ်နည်း ခြောက်ခုနှင့် အမိန့်ပေါင်း ၁၈၉ ခု ပါဝင်သည်။ 
အဆိုပါ “၂၀၂၁ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်များ” စာအုပ်သည်  တရားဝင်ရည်ညွှန်းကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာလေ့လာလိုသူ များအတွက် လိုအပ်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည့်အပြင် စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သတင်းရရှိသည်။                    သတင်းစဉ်

 

ဥပဒေရေးရာဝန်ကြီးဌာနက 
၂၀၂၁ ခုနှစ် ဥပဒေစာအုပ်ထုတ်ဝေ
 

နေပြည်တော်  ဩဂုတ်   ၂၃ 
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏   လမ်းညွှန်ချက်နှင့်အညီ   ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိပြီး   ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များ ပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် လျက်ရှိရာ နှစ်စဉ်ပြဋ္ဌာန်းခဲ့သော ဥပဒေများကိုစုစည်း၍ နှစ်အလိုက် ဥပဒေစာအုပ်များ ထုတ်ဝေခဲ့ပြီး ယခုအခါ ၂၀၂၁ ခုနှစ် ဥပဒေများ စာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။ 
၂၀၂၁ ခုနှစ် ဥပဒေများစာအုပ်သည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းခဲ့သောဥပဒေများကို စုစည်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် ဥပဒေပေါင်း ၆၃ ခု ပါဝင် သည်။ 
အဆိုပါ  ၂၀၂၁  ခုနှစ်    ဥပဒေများစာအုပ်သည်    တရားဝင် ရည်ညွှန်းကိုးကားနိုင်သည့်    စာအုပ်ဖြစ်ပြီး  ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့်       ဥပဒေပညာလေ့လာလိုသူများအတွက် လိုအပ်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည့်အပြင် စာကြည့်တိုက် များတွင်ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သတင်းရရှိ သည်။   
သတင်းစဉ်