
မြိတ် ဩဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုး ရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(၃)မြိတ် ပညာရတနာခန်းမ၌ ဩဂုတ် ၁၈ ရက်က ကျင်းပ ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ အမှာစကားပြောကြားပြီး အသက် ငါးနှစ်အောက်ကလေးများ ဗီတာမင်အေဆေးလုံး များ တိုက်ကျွေးပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က မိခင်နို့သည် ကလေးအတွက် အကောင်း ဆုံးနှင့် အသင့်လျော်ဆုံး အစာအာဟာရဖြစ်ပြီး မွေးစ မှ ကလေးအသက် ခြောက်လအထိ မိခင်နို့တစ်မျိုး တည်းသာ တိုက်ကျွေးရန်၊ ကလေးအသက် ခြောက်လ ပြည့်သည့်အခါတွင်လည်း ဖြည့်စွက်စာနှင့်အတူ အနည်းဆုံး ကလေးအသက် နှစ်နှစ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုထားကြောင်း၊ မိခင်နို့ စနစ်တကျတိုက်ကျွေးရေးနှင့် ပတ်သက်ပြီး မှန်ကန်သည့် သတင်းအချက်အလက်များ၊ မလိုအပ် ဘဲ နို့မှုန့်တိုက်ကျွေးပါက ဖြစ်လာတတ်သည့် ဆိုးကျိုး များကို ပြည်သူလူထုသိရှိအောင် အသိပညာပေး ဆောင်ရွက်ကြရန်နှင့် လိုက်နာကျင့်သုံးကြစေရန် အရေးကြီးကြောင်း၊ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်တစ်ခုဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်သည့်ဓလေ့ ပိုမိုထွန်းကားလာစေရေးစသည့် ရည်မှန်းချက်များ ချမှတ်ပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအကြောင်း ရှင်းလင်းတင်ပြပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် ပညာပေး ဗီဒီယိုပြသ ရာ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်များနှင့် အခမ်း အနား တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက်ငါးနှစ်အောက် ကလေးများအား ဗီတာမင် အေဆေးလုံး တိုက်ကျွေး၍ ကိုယ်ဝန်ဆောင်မိခင် များအား အဏုအာဟာရဆေးပြားများ ပေးအပ်ပြီး ကလေးငယ်များအတွက် ဆေးစိမ်ခြင်ထောင်၊ အားဆေး၊ ထမင်းစားပန်းကန်နှင့် ကစားစရာအရုပ် များ၊ ကိုယ်ဝန်ဆောင်များအား ဆေးစိမ်ခြင်ထောင်၊ အနှီးပိတ်၊ မွေးဖွားသန့်စင်အိတ်၊ ကိုယ်ဝန်ဆောင် အားဆေး၊ ထမင်းစားပန်းကန်များကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့ကြသည် ။
ထို့နောက် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တ ပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်း အမှတ် ပညာပေးပြခန်းနှင့် (မြိတ်)ပညာရေးမိသားစု ၏ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ပြခန်းတို့၌ ပြသထားသော ပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် တက်ရောက်လာ ကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ခိုင်ထူး (ပြန်/ဆက်)