
နေပြည်တော် ဩဂုတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ နေထိုင်သော အိမ်ရာများနှင့် အဆောင်များကို သွားရောက်၍ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇဗ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိ ရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်နှင့် ပညာသိဒ္ဓိ ရပ်ကွက်တို့ရှိ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နေထိုင် သည့် အိမ်ရာများ၊ လူပျိုနှင့် အပျို ဆောင်များကို သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှု၊ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက် ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှု၊ ရေနှင့် လျှပ်စစ်သုံးစွဲမှု ၊ သီးပင်၊ စားပင်များ စိုက်ပျိုးထားရှိ မှု၊ အမှိုက်များ စနစ်တကျစွန့်ပစ် နိုင်မှု၊ ခြင်နှင့် ပတ်သက်သော ရောဂါများမှ ကာကွယ်နိုင်ရန် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ထားမှု နှင့် အိမ်ရာနှင့် အဆောင်ပတ်ဝန်း ကျင် လုံခြုံရေးဆောင်ရွက်ထားရှိ မှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး စဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများ ၏ လူမှုရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေးဆိုင်ရာ အခက်အခဲ များကို မေးမြန်းပြီး အိမ်ရာ စည်းကမ်းများကို လိုက်နာ ရန်၊ လုံခြုံရေးသတိထားရှိရန် နှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် မှာကြားခဲ့ သည်။
သတင်းစဉ်