
နေပြည်တော် ဩဂုတ် ၂၀
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်း အဝေး (16th ASEAN Navy Chiefs’ Metting- 16th ANCM) သို့ တက်ရောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ် ချုပ်ကြီး မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်း ဆွေနှင့် တပ်မတော်အရာရှိကြီး များက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်