ရွှေပြည်သာမြို့နယ်၌ မြို့နယ်ချင်းဆက်လမ်းနှင့် မြို့တွင်းရှိ မြို့ဝင်မြို့ထွက်လမ်းများအား တိုးချဲ့ကွန်ကရစ်လမ်းခင်း

 

ရန်ကုန် ဩဂုတ် ၂၀


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများဖြစ်သည့် အများ ပြည်သူလမ်းပန်း    ဆက်သွယ် ကောင်းမွန်ရေးအတွက်  မြို့နယ် ချင်းဆက်လမ်းမကြီး၊   မြို့တွင်းရှိ မြို့ဝင်၊   မြို့ထွက်လမ်းမများကိုယာဉ်သွားလမ်းအကျယ်     တိုးချဲ့ ခင်းကျင်းခြင်းနှင့် ရပ်ကွက်များ အတွင်းရှိ      လမ်းဟောင်းများ ပြုပြင်၍  ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်         ရန်ကုန်မြို့တော်  စည်ပင်သာယာ ရေးကော်မတီ        အင်ဂျင်နီယာ ဌာန     (လမ်းနှင့်တံတား)    က  တာဝန်ယူ            ဆောင်ရွက်လျက် ရှိသည်။

 


ကွန်ကရစ်လမ်းများ  ခင်းရာ တွင်   ရွှေပြည်သာမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ပုလဲလမ်းမသည် ယာဉ်သွားလမ်းကျဉ်းပြီး ယာဉ် ကြောကျပ်တည်း   ပိတ်ဆို့ခြင်း၊ ယာဉ်အန္တရာယ်    ဖြစ်ပွားမှုများ ကြောင့်         မူလကွန်ကရစ်လမ်း အကျယ်  ၂၄  ပေရှိ   နှစ် လမ်းသွား လမ်းမကို လေးလမ်းသွားအကျယ် အဖြစ်    တိုးချဲ့ပြီး လမ်းအရှည် ၁၃၂၉  ပေ  တိုးချဲ့၍ လမ်းအကျယ် ဝဲ/ယာ ၁၂ ပေစီကို       အောက် အမာခံကြမ်းခင်း        ကွန်ကရစ်   ထုခြောက်လက်မနှင့် လမ်းသား ထု ၁၁ လက်မ ပေါင်း ၁၇   လက်မ ဖြင့်  ရွှေ​ပြည်သာမြို့နယ်   အင်ဂျင် နီယာဌာန    (လမ်းနှင့်တံတား)မှ    လမ်းခင်းလုပ်သား၊ စက်ယန္တရား များဖြင့် တိုးချဲ့၍  ယာဉ်လေးလမ်း သွား ကွန်ကရစ်လမ်းခင်းခြင်းမှာ  ဩဂုတ် ၁၉  ရက်က ရာနှုန်းပြည့် ပြီးစီးနေပြီးဖြစ်ကာ         မကြာမီ ယာဉ်များ လမ်းအသုံးပြုနိုင်မည် ဖြစ်ကြောင်း       သိရသည်။      

      
မြင့်သန်းကြည် (ရွှေပြည်သာ)