တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်  ၁၉


တိုင်းဒေသကြီးနှင့်       ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊       သာသနာ့ နွယ်ဝင်သီလရှင်များ၊  ဘာသာရေး    ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး  ဘာသာ မရွေး  အသက်  ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၊    နာတာရှည်ရောဂါအခံရှိသူ များ၊     ကယ်ဆယ်ရေးစခန်းများ၊ ယာယီ    တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ  ပြည်သူများ၊  အသက် ၅  နှစ်မှ  ၁၂  နှစ်အထက် အခြေခံ ပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်    ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော် မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊  သူနာပြုများ၊ ကျန်းမာရေး       ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၃၇၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ  ၇၄၄၂  ဦး၊ ရခိုင် ပြည်နယ်နှင့်     ချင်းပြည်နယ် အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တို့၌ ဒေသခံပြည်သူ   ၂၁၁၄    ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၁၀၃၅၇   ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်      ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့အတူ        ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်      ၂၆    မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၆၈၂ ဦး၊    ရခိုင်ပြည်နယ်နှင့်    ချင်း ပြည်နယ်အတွင်းရှိ      မြို့နယ် ငါးမြို့နယ်တို့၌     ကျောင်းသား ကျောင်းသူ  ၈၁၅  ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခုတို့မှ          ကျောင်းသား ကျောင်းသူ    ၉၃၅၇    ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊    စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်များမှ  တာဝန်ရှိသူ များက        သွားရောက်ကြည့်ရှု အားပေးပြီး         လိုအပ်သည်များ ညှိနှိုင်း         ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်