
နေပြည်တော် ဩဂုတ် ၁၉
ယနေ့မြန်မာစံတော်ချိန် ၄ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်၊ စစ်တွေ (Sittwe) မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဘလာဆော(Balasore)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်၊ ဒီဂါ(Digha)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၀မိုင်ခန့်၊ ဆာဂါကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ လေအားကောင်းနေသည်။
မိုး/ဇလ