ဗီယက်နမ်၌ စက်သုံးဆီဆိုင်ရာ အခွန်အခအချို့ လျှော့ချရန်ဆောင်ရွက်

 

ကမ္ဘာအနှံ့အပြားတွင်        စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ  နိုင်ငံ အသီးသီးမှ အစိုးရတို့သည် နည်းလမ်း များစွာ  အသုံးပြု၍   စက်သုံးဆီဈေးနှုန်း မြင့်တက်မှု    မရှိစေရေးနှင့်   ဈေးနှုန်း သင့်တင့်စေရေး    ကြိုးပမ်းလုပ်ဆောင် လျက်ရှိသည်။  ဗီယက်နမ်နိုင်ငံ   အစိုးရ အနေဖြင့် စက်သုံးဆီဆိုင်ရာ စည်းကြပ် ကောက်ခံသည့်  အခွန်အခ (Petrol Tax) များကို      လျှော့ချကောက်ခံသွားမည့် အစီအစဉ်ကို          ရေးဆွဲ၍   အကောင် အထည်ဖော်ရန်       ကြိုးပမ်းလျက် ရှိသည်။

 


ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့်         စက်သုံးဆီဆိုင်ရာ စည်းကြပ်ကောက်ခံသည့် အခွန်အခများ လျှော့ချကောက်ခံမည့်     အစီအစဉ်ကို ခွင့်ပြုချက်ရရှိစေရန်        လာမည့် အောက်တိုဘာလတွင်    ကျင်းပပြုလုပ် မည့်       လွှတ်တော်အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ် အစိုးရအနေဖြင့်       စက်သုံးဆီလက်လီ ဈေးနှုန်းလျှော့ချနိုင်ရေး   အစီအစဉ်ကို လွှတ်တော်သို့         တင်ပြရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနသို့   ဇူလိုင်  ၁၈ ရက်က       ညွှန်ကြားခဲ့ကြောင်း   သိရ သည်။ 

 


အထူးသဖြင့်        ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန        အနေဖြင့် စက်သုံးဆီအပေါ်    လက်ရှိစည်းကြပ် ကောက်ခံလျက်ရှိသည့်    ယစ်မျိုးခွန် (Excise Tax) နှင့်       ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စည်းကြပ်ကောက်ခံ သည့်      ထပ်ဆင့်တိုးတန်ဖိုးမြှင့်ခွန် (Value-Added Tax-VAT)       တို့ကို ဖြတ်တောက်လျှော့ချခြင်း     အစီအစဉ် ကို      သုံးသပ်တွက်ချက်စေရေးနှင့် အဆိုပါလျှော့ချမှုကြောင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ (State Budget)အပေါ် အကျိုးသက်ရောက်မှုများအား    စိစစ် သုံးသပ်သွားရေးတို့ကို       ဂရုတစိုက် ဆက်လက်         လုပ်ဆောင်သွားရန် ညွှန်ကြားခဲ့သည်။

 


ဗီယက်နမ်နိုင်ငံ၏        လက်ရှိ စက်သုံးဆီ  လက်လီဈေးနှုန်းစနစ်များ တွင် စက်သုံးဆီ တစ်လီတာ ဈေးနှုန်း အတွက်   အခွန်အကောက်  လေးမျိုး လွှမ်းခြုံပါဝင်သည်။   အဆိုပါ    အခွန် အကောက်များမှာ      သွင်းကုန်အခွန် (Import Tax) ၁၀ ရာခိုင်နှုန်း၊ ကုန်စည် နှင့်   ဝန်ဆောင်မှုအပေါ်    စည်းကြပ် ကောက်ခံသည့် ထပ်ဆင့်တိုးတန်ဖိုးမြှင့် အခွန် (Value-Added Tax-VAT) ၁၀ ရာခိုင်နှုန်း၊   တစ်လီတာလျှင်   သဘာဝ ပတ်ဝန်းကျင်ကာကွယ်မှုဆိုင်ရာ အခွန် (Environmental Protection Tax)  ဗီယက်နမ်ဒေါင်   ၁၀၀၀  တို့   ပါဝင်ပြီး ယစ်မျိုးခွန်   (Excise Tax)    အနေဖြင့် ဓာတ်ဆီအမျိုးအစားအလိုက်   RON 95 အတွက် ၁၀ ရာခိုင်နှုန်း၊ E5 အတွက် ၈ ရာခိုင်နှုန်းနှင့် E10 အတွက် ၇ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံလျက်     ရှိသည်။    ရေနံနှင့်   ဓာတုထွက်ကုန် ပစ္စည်းများကိုမူ   အဆိုပါ အခွန်များ စည်းကြပ်ကောက်ခံ ခြင်းတို့မှ ကင်းလွတ်ခွင့်ပြုထားသည်။

 


ဗီယက်နမ်နိုင်ငံတွင် ရေနံထွက်ကုန် ပစ္စည်းများအတွက်          စုစုပေါင်း အခွန်အကောက်နှင့်    အခြားကုန်ကျ စရိတ်များသည်    စက်သုံးဆီ လက်လီ ဈေးနှုန်း၏       ၂၈  ရာခိုင်နှုန်းမှ   ၃၅  ရာခိုင်နှုန်းအထိ     ပါဝင်ကြောင်း   သိရသည်။

 


ဗီယက်နမ်နိုင်ငံ စက်သုံးဆီရောင်း ဝယ်ဖြန့်ဖြူးရေးအသင်း       (VietNa, Petroleum Association) ၏ အချက် အလက်များအရ RON 95-III စက်သုံးဆီ တစ်လီတာ၏   ဈေးနှုန်းတွင် အခွန် ဗီယက်နမ်ဒေါင်   ၁၀၀၀၀  နှင့်  အခြား ကျသင့်ငွေ ဗီယက်နမ် ဒေါင် ၁၀၀၀ ထက် မနည်း ပါဝင်ကြောင်း၊ ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့်   စီးပွားရေးနှင့် ထုတ်လုပ်မှုပြန်လည် ကောင်းမွန်လာစေ ရန် စက်သုံးဆီဆိုင်ရာ အခွန်လျှော့ပေါ့ ပေးမှုကို        စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ 

 


ဗီယက်နမ်နိုင်ငံ၌  လက်ရှိစက်သုံးဆီ ဈေးမြင့်တက်မှု          အခြေအနေသည် အနာဂတ် ကာလတွင် ဆက်လက်တည်ရှိ နေမည်လားဆိုသည်ကို   မခန့်မှန်းနိုင် ကြောင်းနှင့်       ကုန်ဈေးနှုန်းဆိုင်ရာ အညွှန်းကိန်းများနှင့် ငွေကြေးဖောင်းပွမှု ကြီးမားလာနိုင်သည့်အပေါ်    ဖိအား များစွာရှိနေကြောင်း        ဒုတိယဝန်ကြီးချုပ် က ပြောကြားခဲ့သည်။

 


သို့ဖြစ်၍ ၎င်းအနေဖြင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအား   ဂရုတစိုက်   စိစစ် တွက်ချက်ရန် ညွှန်ကြားထားပြီး အဆိုပါ တွက်ချက်မှုအရ       ပိုမိုလျှော့ချနိုင်မည် ဆိုပါက စားသုံးသူဈေးဆနှုန်း အညွှန်း ကိန်း (Consumer Price Index) အပေါ် ကြီးမားသည့် သက်ရောက်မှုများမရှိစေ ရန်    ရှောင်ရှား၍   စက်သုံးဆီအား စည်းကြပ်ကောက်ခံသည့်  အခွန်များဖြစ် သည့် ကုန်စည်နှင့်  ဝန်ဆောင်မှုအပေါ် စည်းကြပ်ကောက်ခံသည့် ထပ်ဆင့်တိုး တန်ဖိုးမြှင့်အခွန် (Value-Added Tax-VAT) နှင့် အထူးစားသုံးခွန် (Consum-ption Tax)   များကို     ပိုမိုလျှော့ချ ကောက်ခံပေးသွားရန်    ညွှန်ကြားထား သည်။

 


စက်သုံးဆီဈေးနှုန်း     ကျဆင်းသွား စေရေး   ပတ်ဝန်းကျင်ညစ်ညမ်းစေမှုမှ ကာကွယ်ရန်    စီမံပြုလုပ်ထားသည့် စက်သုံးဆီ (Unleaded Petrol)အတွက် နိုင်ငံတော်မှ အထူးအခွင့် အရေးပေးထား သော သွင်းကုန်အခွန် (Most Favoured Nation-MFN Tariff)ကို  လက်ရှိ စည်းကြပ်ကောက်ခံသည့်နှုန်းထား ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံသွားရန်  အဆိုပြုတင်ပြထား ကြောင်း သိရသည်။

 


ဗီယက်နမ်နိုင်ငံအစိုးရသည် ရေနံနှင့် ဓာတုထွက်ကုန်    ပစ္စည်းများအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်ရှိ အချိန်တွင် MFN tariff ကို ၇ ရာခိုင်နှုန်း စည်းကြပ်    ကောက်ခံလျက်ရှိကြောင်း၊  နိုင်ငံတွင်းသို့    ပတ်ဝန်းကျင်ညစ်ညမ်း စေမှုမှ ကာကွယ်ရန် စီမံပြုလုပ်ထားသည့် စက်သုံးဆီ   (Unleaded Petrol)  ကို တင်သွင်းမှုမရှိကြောင်းနှင့် ၎င်းတို့အနေ ဖြင့် ရေနံနှင့် ဓာတုထွက်ကုန်ပစ္စည်းများ အတွက် MFN Tariff ကို မပြောင်းမလဲ ထားရှိရန် အဆိုပြုတင်ပြထားကြောင်း ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန က ပြောသည်။ 

 


အခွန်လျှော့ချခြင်းဆိုင်ရာ အဆိုပြု ချက်သည် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း များကို    လျော့ကျစေရန်   တစ်ခုတည်း သော ရွေးချယ်ပိုင်ခွင့်   နည်းလမ်းတစ်ခု ဖြစ်ပြီး လာမည့်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်း အဝေးအထိ      မစောင့်ဆိုင်းသင့်ဟု ကျွမ်းကျင်ပညာရှင်များက      ဝေဖန် ပြောဆိုထားကြောင်းနှင့်    လွှတ်တော် အနေဖြင့်       အထူးကိစ္စရပ်တစ်ခုအဖြစ် ချက်ချင်းဖြေရှင်း ဆောင်ရွက်သင့်သည် ဟုလည်း        ဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။

 


ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ အဆိုပါ       အဆိုပြုတင်ပြချက်အား အောက်တိုဘာလ လွှတ်တော်သို့ တင်ပြ ရမည်ဖြစ်ပြီး နိုဝင်ဘာလရောက်မှသာ အခွန်လျှော့ပေါ့ခြင်းကိစ္စရပ်ကို အကောင် အထည်ဖော်နိုင်လိမ့်မည်ဟု     ဟနွိုင်း စီးပွားရေးနှင့်   နည်းပညာတက္ကသိုလ်မှ ကထိကဖြစ်သူ    Nguyen Ngou Yu က ပြောကြားခဲ့ပြီး        လက်ရှိအချိန်တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက် ရှိသကဲ့သို့    ကုန်စည်နှင့်   ဝန်ဆောင်မှု ဈေးနှုန်းများသည်လည်း အဆမတန်မြင့် တက်လျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊