လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်သည့် ခေတ်မီစံပြပျိုးခင်းနှင့် ပျိုးရုံတည်ထောင်ခြင်းစီမံကိန်း ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်   ဩဂုတ်  ၁၈


တရုတ်နိုင်ငံ၏ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ပံ့ပိုးမှုဖြင့် “သရက်၊ ကျွဲကော၊ ပိန္နဲ၊ မာလကာမျိုးကောင်းမျိုးသန့်ပျိုးပင်များ  ထုတ်လုပ်ရန် ခေတ်မီစံပြပျိုးခင်းနှင့် ပျိုးရုံတည်ထောင်ခြင်း” စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တို ဘာလတွင် စတင်ဖော်ဆောင်ခဲ့သည်။

 


လက်ရှိတွင် ရန်ကုန်တိုင်း   လှည်းကူးမြို့နယ်ရှိ    မြန်မာဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနတွင် Mother Germplasm Resource Nursery ပျိုးခင်း၊  ကိုင်းဖြတ်-ကိုင်းဆက်ခြင်း (Cutting-grafting)၊  လျင်မြန်စွာ မျိုးပွားခြင်းနည်းပညာစနစ်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးသရုပ်ပြခြံတို့ကို တည်ဆောက် ထားသည်။

 


စီမံကိန်းသည် ဒေသခံများအား နည်းပညာလေ့ကျင့်မှုများစွာ   တစ်ဆင့်တိုးဆောင်ရွက်သွားမည်ဖြစ်ပြီး  ဥယျာဉ်ခြံထွက်သီးနှံလုပ်ငန်း    အရည်အသွေးမြင့် ထိရောက်လာစေရန် လန်ချန်း-မဲခေါင်နိုင်ငံအသီးသီးနှင့် နည်းပညာကူးလူးဖလှယ်မှု၊ အတွေ့အကြုံအတူမျှဝေမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကိုရိုး