
နေပြည်တော် ဩဂုတ် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက် ပိုင်းက ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသော သမဝါယမကဏ္ဍမှ ဆောင်ရွက်မည့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စပါး/ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ခြင်း အစည်းအဝေးသို့ တက်ရောက် သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး နိုင်ငံ့စီးပွား ရေး မြင့်မားလာစေရန်နှင့် ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝနှင့် စီးပွားရေးမြင့်တက်လာစေ ရေးအတွက် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စပါးနှင့် ပဲတီစိမ်းအတွက် စိုက်ပျိုးစရိတ်ရရှိရေး ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ကြမည့်ကုမ္ပဏီများ၊ သမဝါယမအသင်း များကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထောက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ခြင်း ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက Focal အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမှန်တကယ်စိုက်ပျိုးသည့် တောင်သူများကို ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ ကို ရှင်းလင်းဆွေးနွေး၍ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်ပြီး ဦးဆောင်မှု ပြုနိုင်သူများကို ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ရွေးချယ်၍ ကျေးရွာသမ ဝါယမအသင်း ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အောင်မြင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဖြည့်စွက်မှာကြား သည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များ ကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများက မိမိတို့သက်ဆိုင်ရာကဏ္ဍ များအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းဆောင် ရွက်မှုညှိနှိုင်းအစည်းအဝေးကို အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်ရာတွင် ရန်ပုံငွေများကို အမှန်တကယ် ဆီထွက်သီးနှံစိုက်ပျိုးသည့်တောင်သူများ လက်ဝယ် ရောက်ရှိရေး၊ ချေးငွေရယူ၍ တောင်သူများ အမှန် တကယ် စိုက်ပျိုးရေး စီမံဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း မျိုးစေ့ထုတ်သမဝါယမအသင်းများက မျိုးစေ့ဖြန့်ဖြူး ခြင်း၊ သွင်းအားစုထောက်ပံ့ခြင်း ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေး ကိစ္စရပ်များကို သက်ဆိုင်ရာဦးစီးဌာနများမှ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်များက ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေများကိုလည်း ကောင်း၊ အမြဲတမ်းအတွင်းဝန်က လုပ်ငန်းဆောင်ရွက် မည့်အစီအစဉ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထာင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်