
သံတွဲ ဩဂုတ် ၁၈
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့မွန်းလွဲ ပိုင်းက Mobil Library မော်တော်ယာဉ်ဖြင့် သရက်ပင်ကွင်းကျေးရွာနှင့် ဆင်ဒင်ကြီး ကျေးရွာများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။
ထိုသို့ငှားရမ်းရာတွင်ကျေးရွာနေပြည်သူများ ဆရာ ဆရာမများက လာရောက်ပြီး သုတ/ရသစာအုပ်များကို ငှားယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးခဲ့ပြီး အသင်းဝင်စာငှားကတ်များကိုလည်း အခမဲ့ဆောင်ရွက်ပေး သည်။
ခရိုင် (ပြန်/ဆက်)