နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

 

နေပြည်တော်    ဩဂုတ်   ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏     လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို  ယမန်နေ့နံနက်ပိုင်းက    စက်မှုဝန်ကြီးဌာန     အစည်းအဝေးခန်းမ၌ကျင်းပရာ     ပြည်ထောင်စုဝန်ကြီး      ဒေါက်တာ ချာလီသန်း၊  ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဦးစီးဌာန/ စက်မှု  လုပ်ငန်း များမှ   ညွှန်ကြားရေးမှူးချုပ်များ၊     ဦးဆောင်ညွှန်ကြားရေး မှူးများ၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ နှင့်  တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


 သုံးသပ်ဆွေးနွေး


ဦးစွာ ပြည်ထောင်စုဝန်ကြီးက   ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့   (၆) လပတ်ကာလ   လုပ်ငန်းဆောင်ရွက်ချက်များနှင့်    စပ်လျဉ်းသည့်    ညှိနှိုင်းအစည်းအဝေးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏    လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ချပြရှင်းလင်းဆွေးနွေးသည်။   ထို့အပြင်  ပြည်ထောင်စုအစိုးရ အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၏ (၆)လပတ် ကာလ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုကို     တင်ပြခဲ့ခြင်း နှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးပြောကြားသည်။

 


ဝိုင်းဝန်းအကြံပြု


ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင်ညွှန်ကြားရေးမှူး များက ဦးစီးဌာန/စက်မှု  လုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများကို   အသီးသီးရှင်းလင်းတင်ပြသည်။    ထို့နောက်  တက်ရောက်လာသူများက  စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး   ပြည်ထောင်စု ဝန်ကြီး က    နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်