
နေပြည်တော် ဩဂုတ် ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် တိုင်းဒေသ ကြီး/ ပြည်နယ် အသီးသီးတွင် ခရိုင်အဆင့် အားဖြည့်တာဝန် ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ရွေးချယ်၍ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်း တက်ရောက်ပြီး ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီး အရာရှိများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဦးစီးဌာနအသီးသီး မှ တာဝန်ရှိသူများက လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်း ပြောကြားကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့် တို့က ဖြည့်စွက်ရှင်းလင်းပြောကြား ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ခရိုင်အဆင့် အားဖြည့် တာဝန်ပေးအပ်မည့် အရာထမ်း များသည် ဌာန၏ လုပ်ငန်းတာဝန် များကို သိရှိနားလည်ကြပြီးဖြစ် သော်လည်း မိမိတို့ ဝန်ကြီးဌာနသို့ ယခုမှတာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိ အသစ်များအနေဖြင့် ဌာန၏ ရည်မှန်းတာဝန်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျ လေ့လာမှတ်သား ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။
ဌာန၏ လုပ်ငန်းများသည် နိုင်ငံနှင့်ပြည်သူအတွက် အရေးကြီး ပြီး မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည်နှင့်အညီ အသိတူမှ အလုပ်တူမည်ဖြစ် သည့်အတွက် ဝန်ထမ်းအားလုံး သိရှိ နားလည်ထားကြရန်နှင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ယင်းသို့ဆောင် ရွက်ရာတွင်လည်း လက်ရှိ အခြေအနေအရ လုံခြုံရေးအသိ၊ လုံခြုံရေး သတိရှိကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ် စွာဖြင့် ရိုင်းပင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အရာထမ်းများပီပီ မြန်မာ့အရေးအပြင် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် အရေးကိစ္စများ ပါ လေ့လာသုံးသပ်၍ စဉ်းစား တွေးခေါ် ဆောင်ရွက်ကြရန်၊ ဘာသာစကားနှင့် နည်းပညာ တတ်ကျွမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ နိုင်ငံနှင့်ဌာန အပေါ် သစ္စာစောင့်သိရန်နှင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာ စွာ ဆက်ဆံဆောင်ရွက်ကြရန်၊ လာဘ်ပေး လာဘ်ယူကင်းရှင်းပြီး ပြည်သူက အားကိုးအားထား ပြုသည့် ဝန်ထမ်းများဖြစ်စေရေး အစဉ် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်