၂၀၂၀-၂၀၂၁ ခုနှစ် ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၀-၂၀၂၁ ခုနှစ် ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

=============================================================================

 

နေပြည်တော် ဒီဇင်ဘာ ၅

 

ရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က ပြောင်းလဲသက်ရောက်လာ လျက်ရှိသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှု လျော့နည်းလာခြင်းနှင့်အတူ စိုက်ပျိုးရေပေးဝေလျက်ရှိသည့် ဆည်တမံကြီး များအတွင်း ဝင်ရေ သိသာစွာကျဆင်းခဲ့သဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် ရေလိုအပ်ချက် များသော နွေစပါးနေရာတွင် ဒေသနှင့်ကိုက်ညီ ပြီး ရေလိုအပ်ချက်နည်းသည့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းမည့် သီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရန်နှင့် ရေရှည်အတွက် သီးနှံပုံစံများ ဒေသရေမြေနှင့်လျော်ညီစွာ ချမှတ်ဆောင်ရွက်ကြရန်၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုမှ အကျိုးစီးပွား လျော့ကျမသွား စေရန် သက်ဆိုင်ရာဌာနများ၊ တောင်သူများ အားလုံးပူးပေါင်းဆောင်ရွက်ကြရေး စီမံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား သည်။

 

ယင်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဆည်ရေလှောင်တမံကြီး များ၏ နှစ်အလိုက် ဝင်ရေ၊ သိုလှောင်ရေနှင့် စိုက်ပျိုးရေပေးဝေနိုင်ခဲ့မှု၊ ရေသောက်စနစ်များ စီမံခန့်ခွဲထားရှိမှု၊ ရေတံခါးနှင့် ရေတင်လုပ်ငန်း များ၏ အကျိုးပြုစိုက်ပျိုးဧရိယာများ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံအတွက် ဒေသအလိုက် စိုက်ပျိုးရေပေးဝေရန် လျာထားချက်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆည်ရေသောက်ဒေသများတွင် ဆည်ရေ လက်ကျန်တည်ရှိမှု အပေါ်မူတည်၍ ပြောင်းလဲ စိုက်ပျိုးမည့် သီးနှံပုံစံများ၊ သီးနှံများ၏ လက်ရှိ စျေးကွက်အခြေအနေနှင့် နွေရာသီ၌ ထွက်ရှိ လာမည့် သီးနှံများ၏ ပေါက်စျေးအခြေအနေ ခန့်မှန်းချက်များ၊ သီးနှံစျေးကွက် အခွင့်အလမ်း များကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦးက ရေသောက်စနစ်နှင့် စိုက်ပျိုးသီးနှံပုံစံများအရ စိုက်ပျိုးထုတ်လုပ်မှု စာရင်းဇယားများ မှန်ကန်ရေးစီမံဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

 

ရှင်းလင်းတင်ပြ

 

ထို့နောက် ဆည်ရေသောက်ဧရိယာ အများအပြားတည်ရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး တို့မှ တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေး မှူးများက ‌ရာသီဥတုပြောင်းလဲမှုအပေါ် မူတည် ၍ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံစိုက်ပျိုးထုတ်လုပ် မှု အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်း အစီအမံများ၊ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တောင်သူ လယ်သမားများ၏ဝင်ငွေနှင့် လူမှုဘဝမြင့်မား ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးရာ၌ မြို့ရေပေးရေးစနစ် တွင် အသုံးပြုလျက်ရှိသည့် ဆည်ရေလှောင်တမံ များ၏ စိုက်ပျိုးရေအသုံးပြုခြင်းအတွက် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်ရယူ ဆောင်ရွက်ရန်၊ ဆည်ရေသောက်ဧရိယာများအတွင်း ရေ အလေအလွင့်မရှိစေရေး၊ ဖြစ်နိုင်မည့်ရေအရင်း အမြစ်များ ဖော်ထုတ်သုံးစွဲရေး စသည့်လုပ်ငန်း များနှင့်ပတ်သက်၍ ဒေသအသီးသီးရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစီအမံများချမှတ်ဆောင်ရွက်ရန်၊ နည်းပညာ သစ်များဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မျိုးသစ်များ၊ သက်တမ်းတိုမျိုးများ အသုံးပြု နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ စီးပွားရေးတွက်ခြေ ကိုက်မည့် သီးနှံများပြောင်းလဲစိုက်ပျိုးရေး၊ လိုအပ်သောမျိုးနှင့် သွင်းအားစုများ ရရှိရေး အတွက် ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်ရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရေတိုရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နှင့် ဈေးကွက်ရှာဖွေ ချိတ်ဆက်ပေးရေးတို့ အတွက် ဆက်စပ်ပတ်သက်နေသော ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားသည်။

 

စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်

 

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြုံတွေ့ရမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများ ကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီး တွင် ခံစားနေကြရလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မြန်မာ့လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်း သက်သာစေရန်၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက် မူဝါဒများ နှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံရေးနှင့် စားနပ်ရိက္ခာလိုအပ်ချက်ရှိ နေသော နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး အတွက် ရာသီဥတုနှင့် လိုက်လျောညီထွေမှု ရှိသော စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်းစဉ်