ကျောက်တံခါး၊ အောင်မြေသာစံနှင့် အမ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဩဂုတ်   ၁၇ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့  သည် ဩဂုတ် ၁၆ ရက်  ညနေ ၄ နာရီခွဲတွင်   ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာ အုပ်စု မြို့ချောင်းကျေးရွာ စိန်ကန့်လန့်လမ်းရှိ ရာဇာမြင့်ကိုကို၏နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ     စိတ်ကြွရူးသွပ်ဆေးပြား   ၉၃၆၀   ကို လည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီခွဲတွင် အောင်မြေသာစံမြို့နယ်    မဟာဇေယျာဘုံ ရပ်ကွက် ၅၄ လမ်း ၂၅ x ၂၆ လမ်းကြားတွင် ကျော်စိုးလွင်(ခ)ဖိုးလမင်း (ခ)အရှည်ကြီး ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ ကို လည်း ကောင်း၊ ယင်းနေ့ ည ၈နာရီတွင်  အမ်းမြို့ အမှတ်(၃)ဈေး တောင်ရပ်ကွက်ရှိ မော်တော် ယာဉ်ရပ်နားဝင်းတွင် မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ပါဆယ်ထုပ်လာရောက်ထုတ်ယူ သူ ဇေယျာထွန်းနှင့် မဇင်မာဝင်း(ခ)မီးငယ် တို့ကို   မသင်္ကာဖွယ်တွေ့ရှိသဖြင့်   စစ်ဆေး ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား   ၅၄၅၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်         စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူ ထားကြောင်း သိရသည်။ 

သတင်းစဉ်