
ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ် တစ်ဖက်ကမ်းရှိ အောက်ရုံအလတ်ချောင်း ရပ်ကွက် အလတ်ချောင်းအပိုင်နယ်မြေရှိ ဦးပိုင်သင်္ဘောကျင်းတွင် လွန်းတင်ထားသည့် အောင်သန့်ဇင် ၂၂၅ ငါးသယ်လှေ တစ်စင်း ဩဂုတ် ၁၇ ရက် နံနက် ၁၀နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းဝင်းနှင့် သန္ဓေအရန်မီးသတ် အင်အား ၁၁၂ ဦးတို့က မီးငြှိမ်းသတ်ရေးယာဉ် ၁၂ စီး၊ အပေါ့စားမီးသတ်စက် ၁၂ လုံးဖြင့် လာရောက်ငြှိမ်းသတ်ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းမှာ လှေ၏ ပဲ့ခန်းရှိတက်မက ရောင်းအားသံဂဟေဆော်ရာမှ မီးပွား များလွင့်စင်ပြီး အနီးရှိသစ်သားကိုယ်ထည်အားကူးစက်၍ လောင်ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ငါးသယ်လှေ၏အတွင်း ကြမ်းခင်း များနှင့် ငါးထည့်သည့် ပလတ်စတစ်ပုံးများ မီးလောင်ဆုံးရှုံး ခဲ့သဖြင့် ပဲ့နင်း ဦးတင်အောင်မျိုး (၄၂) နှစ်အား ကြည့်မြင်တိုင် မြို့နယ် စက်ဆန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ကိုကြီးတင်