တရားမဝင်သစ်မျိုးစုံ၊ ဓာတုကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသောပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   သြဂုတ်    ၁၇


တရားမဝင်ကုန်သွယ်မှု     တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာ ဩဂုတ်   ၁၃  ရက်တွင်     ရန်ကုန်တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်     အကောက်ခွန်ဦးစီးဌာန    စုံစမ်း စစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ရန်ကုန်- မန္တလေးလမ်းဟောင်း        ကုန်သွယ်မှုလမ်းမကြီး တစ်လျှောက် အခွန်ပေးဆောင်ထားသည့် ကုန်ပစ္စည်း များထက် ပိုမိုတင်ဆောင်လာကြောင်း သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာ လွှာ (ID) တွင်   ကြေညာထားသည်ထက်     ပိုမို တင်ဆောင်လာသော ဓာတုကုန်ကြမ်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ       (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၉၂၈၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် နောက်တွဲယာဉ် (Semi Trailer )ပါ Mitsubishi Fuso အမျိုးအစား ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၀၀၉၂၈၀) ကို ဖမ်းဆီး ရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


မန္တ‌လေးတိုင်းဒေသကြီး


အလားတူ သြဂုတ် ၁၅ ရက်တွင် မန္တ‌လေးတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနဦးဆောင်သော စစ်‌ဆေးရေး အဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကြီး- အောင်ပန်း - ရွာငံ - ဟန်မြင့်မိုရ်   လမ်းကြောင်းရှိ မြို့ကြီးရွာအနီး၌     မော်တော်ယာဉ်နှစ်စီးပေါ်တွင်  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အရက်နှင့် စီးကရက် မျိုးစုံအပါအဝင်  စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၇၀၀၉၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်  ၁၆၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၃၀၀၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း


ယင်းအပြင်  သြဂုတ်  ၁၅ ရက်နှင့် ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့်    မွန် ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့   ထွက်ခွာလာသော   မော်တော်ယာဉ် များကို  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  သွင်းကုန် ကြေညာလွှာ  (ID) တွင်   ကြေညာထားသည်ထက် ပိုမိုပါရှိလာသော  ကြွေပြားချပ်  ၁၀၀၄ ဖာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၉၀၅၂၇) နှင့် Adhesive Tape (Size: 54 micx 1280 mmx 4000 m)   အလိပ် ၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၉၆၀၀၀၀)   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၀၅၂၇) ကို ဖမ်းဆီးရမိ ခဲ့ပြီး       အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း


ထို့အတူ သြဂုတ်  ၁၆ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့်  ရှမ်းပြည်နယ်  ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၌ လှည့်ကင်းစစ်ဆေးရေးပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုးမြို့မှ     မူဆယ်မြို့သို့    မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌      တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင် ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော  ကျောက် များဖြင့် ပြုလုပ်ထားသော ကျောက်ထည်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၅၅၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့်  Toyota Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၉၀၀၀၀၀၀)  စုစုပေါင်း  (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၄၃၅၅၀၀၀၀)    ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ပဲခူးတိုင်းဒေသကြီး


ထို့အပြင် သြဂုတ် ၁၇ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်         စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်း‌ဒေသကြီး  သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်နှင့် တောင်ငူ ခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့် သစ်မာ တန်    ၂၂  ဒသမ  ၆၉၂၀   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၈၇၁၉၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့ဦးဆောင်သော    စစ်ဆေးရေး အဖွဲ့က ပေါင်းတလည်မြို့ ဗြူးကုန်းအုပ်စု  မြို့လှ ကျေးရွာအနီး၌ Toyota Wish အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး          (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)     ကို      ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း   စုစုပေါင်း     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၈၇၁၉၆) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။

 


သို့ဖြစ်ပါ၍  သြဂုတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက် နှင့်   ၁၇  ရက်တို့တွင်  ဖမ်းဆီးရမိမှု   စုစုပေါင်းမှာ အမှုတွဲ   ၂၀၊       (ခန့်မှန်းတန်ဖိုးငွေကျပ်    ၂၃၀ ၇၀၆၀၀၃)   ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။  

သတင်းစဉ်