လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်

 

၁။    မြန်မာ့လူ့အဖွဲ့အစည်းသည်    ရှေးပဝေသဏီကတည်းကပင် ကလေးသူငယ်များအား  အနာဂတ်လူ့အဖွဲ့အစည်း   ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်   အရေးပါသည့်    အရင်းအမြစ်များအဖြစ် တန်ဖိုးထားလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ   ကုလသမဂ္ဂကွန်ဗင်းရှင်း   အဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွား ကို ဆောင်ရွက်ပေးရန်နှင့်  ကလေးသူငယ်အခွင့်အရေးများကို ဥပဒေ နှင့်အညီ ရရှိခံစားနိုင်ရေးအတွက် အထူးသဖြင့်  လက်နက်ကိုင်ပဋိပက္ခ အတွင်း   ကလေးသူငယ်များအား    ကာကွယ်စောင့်ရှောက်နိုင်ရန် လက်နက်ကိုင်ပဋိပက္ခအတွင်း  ကလေးသူငယ်များအပေါ်  ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

 


၂။    ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်  လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်း ဆိုင်ရာ   အကြမ်းဖက်ကျူးလွန်မှုများမှ   ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အား (၁၀.၈.၂၀၂၀) ရက်နေ့မှ   (၁၀.၈.၂၀၂၁)   ရက်နေ့အထိ   အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

 


၃။    လက်နက်ကိုင်ပဋိပက္ခအတွင်း     ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ     ကာကွယ်တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)  ဆုံးဖြတ်ချက်အရ   လက်နက်ကိုင် ပဋိပက္ခအတွင်း   ကလေးသူငယ်များအပေါ်   သေကျေထိခိုက်ဒဏ်ရာ ရစေမှုနှင့်   လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ  ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၁၅.၃.၂၀၂၂) ရက်နေ့တွင် သဘောတူခွင့်ပြုခဲ့ပြီးဖြစ်သဖြင့်   စီမံချက်ကို  ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 


၄။    မြန်မာနိုင်ငံအနေဖြင့် (၂၀၁၉) ခုနှစ်တွင်  အတည်ပြုလက်မှတ် ရေးထိုးထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း  ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ  နောက်ဆက်တွဲ အခြေပြစာချုပ်ပါ ပြဋ္ဌာန်း ချက်များနှင့်  ကလေးသူငယ်များ၏  အကောင်းဆုံး အကျိုးစီးပွားကို အလေးထားဖော်ဆောင်ရေးမူကို အခြေခံသည့် မြန်မာနိုင်ငံ၏ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) တို့အရ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်  သေကျေထိခိုက်ဒဏ်ရာ ရစေမှုနှင့်  လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ  ကာကွယ် တားဆီးနိုင်ရေး    အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို    ရေးဆွဲ အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိပါသည်။   လက်နက်ကိုင် ပဋိပက္ခအတွင်း ကြီးလေးသောကျူးလွန်မှုများ ခံစားရသည့် ကလေး သူငယ်များ၏   လုံခြုံရေး၊   ကိုယ်ရေးဆိုင်ရာ   အချက်အလက်များ မပေါက်ကြားစေရေးနှင့်    အလေးထားဆက်ဆံခံရစေရေး‌    စသည့် ကျူးလွန်ခံရသူ ဗဟိုပြုချဉ်းကပ်နည်း (Survival Centred Approach) ကို ကျင့်သုံးလျက်ရှိပါသည်။

 


၅။    လက်နက်ကိုင်ပဋိပက္ခအတွင်း     ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆) ရပ် (Six Grave Violations) ဆိုသည်မှာ ကလေးသူငယ်များအား   သတ်ဖြတ်ခြင်းနှင့် ကိုယ်လက်အင်္ဂါထိခိုက် ဒဏ်ရာရစေခြင်း၊  ကလေးသူငယ်များအား တပ်သားအဖြစ်ခေါ်ယူ စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ ကျောင်းနှင့်ဆေးရုံများအား တိုက်ခိုက် ခြင်း၊ ကလေးသူငယ်များအား   အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကလေးသူငယ်များအား ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင် ခြင်းနှင့် ကလေးသူငယ်များအတွက် လူသားချင်းစာနာမှု အကူအညီ များကို တားဆီးပိတ်ပင်ခြင်းတို့ဖြစ်ပါသည်။ 

 


၆။    ထို့အပြင်  ကာကွယ်တားဆီးရေးကော်မတီ၏လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်    “လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ”   ကို    ၂၀၁၉    ခုနှစ်၊   နိုဝင်ဘာလ (၁၉) ရက်နေ့တွင်  ဖွဲ့စည်းခဲ့ပြီး (၂၁.၇.၂၀၂၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏     အမိန့်ကြော်ငြာစာအမှတ် (၂၁၅/၂၀၂၁) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

 


၇။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်ပြရေး လုပ်ငန်းအဖွဲ့  (Country Task Force on Monitoring and Reporting – CTFMR) တို့အကြား “အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ  တားဆီးကာကွယ်ထိန်းသိမ်းရေး လုပ်ငန်း စီမံချက်” ကို (၂၇.၆.၂၀၁၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။  (၂၀.၄.၂၀၁၁) ရက်နေ့တွင်  အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီ ကို ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းခဲ့ပြီး အသက်မပြည့်သေးသူများအား တပ်သားသစ် စုဆောင်းခြင်းမှ      ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။   အသက်စိစစ်ရန်   စာရွက်စာတမ်းများ မလုံလောက်မှုကြောင့် မရည်ရွယ်ဘဲစုဆောင်းမိခဲ့ပြီး ထွက်ခွင့်ပြုခဲ့ သော အရွယ်မရောက်သေးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ 

 


၈။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  အထက်ဖော်ပြပါ ကော်မတီများ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များရေးဆွဲပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ  ပိုမိုထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော်     ဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်     ကလေးသူငယ်များအား သေကျေထိခိုက်ဒဏ်ရာရစေခြင်း၊   အရွယ်မရောက်သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့  စုဆောင်းခြင်းနှင့်  ကျောင်း၊ ဆေးရုံများနှင့် ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးစုရပ်များအား   တိုက်ခိုက်ခြင်းတို့ကို ကျူးလွန်လျက်ရှိ‌ကြောင်း  တွေ့ရပါသည်။   ပြည်ထဲရေးဝန်ကြီးဌာနမှ ရရှိသည့်   သတင်းအချက်အလက်များအရ   (၉.၂.၂၀၂၁)   ရက်နေ့မှ (၃၀.၆.၂၀၂၂)   ရက်နေ့အထိ    အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးသူကလေးသူငယ် (၇၆) ဦး၊   ပြင်းထန်ဒဏ်ရာရရှိသူ ကလေး သူငယ် (၂၀၀) ဦး၊   သေဆုံးသူ ပညာရေးဝန်ထမ်း (၄၄) ဦး၊ ပြင်းထန် ဒဏ်ရာရရှိသူ  ပညာရေးဝန်ထမ်း (၄၆) ဦး၊  သေဆုံးသူ ကျန်းမာရေး ဝန်ထမ်း (၁၁) ဦး၊ ပြင်းထန်ဒဏ်ရာရရှိသူ ကျန်းမာရေးဝန်ထမ်း (၁၆) ဦး ရှိခဲ့ပါကြောင်း၊ ထို့အပြင် စာသင်ကျောင်းနှင့် ပညာရေး အဆောက် အဦ (၅၈၃) လုံးတို့အား  မီးရှို့/ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး၊ ဆေးရုံ၊ ဆေးခန်း (၃၃) လုံးတို့   (မီးရှို့/ဗုံးခွဲ)    တိုက်ခိုက်ခံခဲ့ရပြီး   ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်ထိန်းချုပ်ပေးသည့် နေရာများအား တိုက်ခိုက်ခြင်း (၄၂) ကြိမ် ရှိခဲ့ပါသည်။

 


၉။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကလေး သူငယ်များ၏အခြေခံ အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက် ခွင့်များ    ရရှိရေး   ဆောင်ရွက်လျက်ရှိပြီး၊    ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်ထွန်းစေရေးမူ (Best Interest of the Child) ကို အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 

 


၁၀။    ကလေးသူငယ်များ၏   အခွင့်အရေးများဆိုင်ရာ    ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) ပါ   ပြဋ္ဌာန်းချက်များကို  ချိုးဖောက်သူမည်သူ့ကိုမဆို ထိရောက်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များကို လုံးဝလက်မခံရေး  မူဝါဒနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


ဩဂုတ်လ၊ ၂၀၂၂