
မော်လမြိုင် ဩဂုတ် ၁၇
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများတွင် ဒုတိယဆုရရှိခဲ့သော မွန်ပြည်နယ် အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးအသင်း နှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်း အနားကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ပံ့ပိုးကူညီ
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်းက မွန်ပြည်နယ်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားအဆင့် အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားနည်းများ အလိုက် ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အောင်ပွဲရ အားကစားသမားများ အနေဖြင့် ပြည်နယ်ကိုယ်စားပြု အားကစားသမားကောင်းများမှသည် နိုင်ငံလက်ရွေးစင် အားကစား သမားများကောင်းများ ဖြစ်ထွန်းလာစေရေး စွမ်းစွမ်း တမံ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ဆက်လက်၍ မွန်ပြည်နယ် အသက် (၁၉) နှစ် အောက် ဘောလုံးအသင်း အဖွဲ့ခေါင်းဆောင် ဦးဝင်းခိုင်ထွန်းနှင့် ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူ ဒေါ်နွယ်နွယ်ထွေးတို့က ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြ သည့် အားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ညနေပိုင်းတွင် ၂၀၂၂ ခုနှစ် မွန်ပြည်နယ် ဝန်ကြီး ချုပ် ဖလား ၁၀ မြို့နယ်၊ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် တက် ရောက် အမှာစကားပြောကြားခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ်မော်လမြိုင် မြို့နယ်ဘောလုံးအသင်းနှင့် ချောင်းဆုံ မြို့နယ် ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)