မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၂ ထားဝယ်မြို့နယ်၊ ကျိုက်ထိုမြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၁၁ ရက် နံနက် ၇ နာရီတွင် ထားဝယ်မြို့နယ် ကျောက်ရပ် ကျေးရွာအုပ်စု ပေါက်တိုင်းကျေးရွာရှိ တံတား စစ်ဆေးရေးဂိတ်တွင် ဇော်လွင် လေး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၄၈၀ ၊ အိုက်စ် သုည ဒသမ ၀၆ ကီလိုနှင့် မြန်မာငွေကျပ် ၁ ဒသမ ၀၅ သိန်းတို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျိုက်ထိုမြို့နယ် မရမ်းချောင်ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် စိုင်းအောင်လှ(ခ) စိုင်းအောင်လတ် မောင်းနှင်လာ သည့် TOYOTA AVANZA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံ မြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေး ယာဉ် ရပ်နားစခန်းတွင် ဇင်မင်းထွန်း ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ သတင်းစဉ်