ချင်းပြည်နယ် ဟားခါးမြို့အနီး CDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိ

နေပြည်တော် ဩဂုတ် ၁၂ ချင်းပြည်နယ် ဟားခါးမြို့အနီး CDF အမည်ခံ အကြမ်းဖက်သမား များက ခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်း မဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ယနေ့တွင် အပြစ်မဲ့ပြည်သူအမျိုး သမီးတစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ တက်ရောက်ဆေးကုသမှုခံယူ ဖြစ်စဉ်မှာ ဟားခါးမြို့ ပြည်သူ့ ဆေးရုံသို့ လက်နက်ငယ် ကျည်ထိ မှန်ဒဏ်ရာများဖြင့် လူနာများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စိစစ်ဖော်ထုတ်ခဲ့ရာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်နေ ဦးကောလျန် (ဘ) ဦးလာတင် ဟုတ်သည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ရှန်းနမ်ကျဲရ် (ဘ) ဦးတွောင် လိန်းဆုန်နှင့် ညီဖြစ်သူ ဦးကပ်ထန် ဟရဲ(ဘ) ဦးလာတင်ဟုတ် တို့ လိုက်ပါ၍ ဟားခါးမြို့မှ Landcr-uiser အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 2B/------- ဖြင့် ရန်ကုန် မြို့သို့ သွားရောက်စဉ် ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် ဟားခါး မြို့၏ အထွက် ၄ မိုင်ခန့် အကွာ သို့ အရောက်၌ CDF အမည်ခံ အကြမ်းဖက် သမားများက မော်တော်ယာဉ်အား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေါ်ရှန်းနမ်ကျဲရ်မှာ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာဖြင့် ဖြစ်စဉ် နေရာ၌ပင် သေဆုံးခဲ့ပြီး ဦးကောလျန်နှင့် ဦးကပ်ထန် ဟရဲတို့နှစ်ဦးတွင် လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံ သို့ တက်ရောက်ဆေးကုသမှုခံယူခြင်းဖြစ်ကြောင်း သိရှိရသည်။ ရွံရှာ မုန်းတီးလျက်ရှိ အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ခရီးသွား ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန် ခဲ့သည့် CDF အမည်ခံအကြမ်းဖက် သမားများအား တိုင်းရင်းသား ပြည်သူများအနေဖြင့် ရွံရှာ မုန်းတီးလျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်