
နေပြည်တော် သြဂုတ် ၉
တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မူဆယ်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်၌ တရားမဝင်ကျွန်းခွဲသား ၁ ဒသမ ၅၉၁၂တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၁၂၀၀) နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် Hino Ranger အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁ဝဝဝဝ၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၉၁၂၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန် တိုင်းဒေသကြီး ထီးတန်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိ လာသော လုပ်ငန်းသုံးစက်ပစ္စည်း မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၈၁၃၀၀၀၀)ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုးညှင်း မြို့နယ် နန့်စီးအောင် ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ဘက် မှ မိုးညှင်းမြို့ဘက်သို့ မောင်းနှင် လာသော မော်တော်ယာဉ်တစ်စီး ပေါ်၌ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ၁၉၅၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel အမျိုး အစား ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၉၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သစ်တောဦးစီး ဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဖျာပုံမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် ချောင်းသာဘိနယ် ချောင်းသာ ကြိုးဝိုင်းအတွင်းတို့၌ တရားမဝင် သစ်မျိုးစုံ ၂ ဒသမ ၇၂၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၄၈၆)ကို သစ်တောဥပဒေ အရ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က ဖျာပုံမြို့နယ် အမှတ် (၂) ရပ်ကွက် ချောင်းတွင်းကျေးရွာ ၌ Honda CRV အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၀၄၈၆ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ တနင်္သာရီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံ ကျေးရွာအုပ်စု ချောင်းနှစ်ပွာ ချောင်းအတွင်း တရားမဝင် သစ်မျိုးစုံ ၄ ဒသမ ၀၉၇၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၃၈၉၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် သစ်သား ကိုယ်ထည်စက်လှေ တစ်စင်းနှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀) စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၃၈၉၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် သြဂုတ် ၉ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တောင်ငူခရိုင် ရေတာရှည် မြို့နယ် ကျောက်မဆင်ကြိုးဝိုင်း အတွင်း တရားမဝင် ပျဉ်းကတိုး ခွဲသား ၀ ဒသမ ၅၂၁၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၀၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီး ရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၉၀၂၆၃၇၆ ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်