မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများ လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ကို ဥပဒေအရ အမှုဖွင့်အရေးယူ

 

နေပြည်တော်    ဩဂုတ်   ၅  


မြန်မာအမျိုးသမီးများ     စောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို  ထိခိုက်စေသည့်  လိင်အသား ပေးဓာတ်ပုံနှင့်  ဗီဒီယိုများအား   လူမှုကွန်ရက်တွင် အခကြေးငွေ    ရယူ၍    ဖြန့်ဝေလျက်ရှိသည့် သင်ဇာဝင့်ကျော်(ခ)သင်ဇာနှင့်   နန်းမွေစံတို့နှင့် ပတ်သက်၍  သက်ဆိုင်ရာက  စိစစ်ဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

 


စိစစ်ဖော်ထုတ်ချက်များအရ သင်ဇာဝင့်ကျော် သည် ၂၀၂၁ ခုနှစ်  ဩဂုတ်လခန့်တွင် လိင်အသားပေး မော်ဒယ်ရှင်ယွန်းမြတ်၏   ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်နိုင်ငံတွင်   နေထိုင်သည့်   Mr.  Rafal ဦးစီးလုပ်ကိုင်လျက်ရှိသော   ညစ်ညမ်း   Website ဖြစ်သည့် Exantria Website တွင်  အခကြေးငွေရယူ ၍   လိင်အသားပေးဓာတ်ပုံနှင့်  ဗီဒီယိုဖိုင်များအား တင်ရန် Thin Zar Wint Kyaw အမည်ဖြင့် အကောင့် ဖွင့်လှစ်ခဲ့ကြောင်း၊ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀  ရက်မှစတင်၍  ၎င်း  Website  တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေး ငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ရရှိသည့်အခကြေးငွေ များအား Website မှ ၂၅ ရာခိုင်နှုန်းနှင့် Post တင်သူမှ ၇၅  ရာခိုင်နှုန်း  ခွဲဝေရရှိခဲ့ကြောင်း  ဖော်ထုတ်သိရှိ ရသည်။

 


အလားတူ  နန်းမွေစံသည်   ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလခန့်တွင် အိန္ဒိယနိုင်ငံထုတ်အလှကုန် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ  Mrs. Kumar ၏ ချိတ်ဆက်ပေးမှုအရ Exantria Website ပိုင်ရှင် Mr. Rafal နှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ် စက်တင်ဘာလမှစ၍ Mr. Rafal ဦးစီးလုပ်ကိုင် ဖွင့်လှစ်ပေးသည့်   Onlyfans  Website   တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေး ငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လမှစ၍  Mr. Rafal  နှင့်  ထပ်မံချိတ်ဆက်ခဲ့ပြီး Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ  ထပ်မံပေးပို့၍  Post  တင်ခဲ့ကြောင်း၊ အဆိုပါ Website မှ ရရှိသည့်  အခကြေးငွေများအား      Post  တင်သူမှ  ၇၀  ရာခိုင်နှုန်းနှင့်  Website  မှ  ၃၀    ရာခိုင်နှုန်းခွဲဝေရရှိခဲ့ကြောင်း   ဖော်ထုတ် သိရှိရသည်။

 


စိစစ်ချက်များအရ  Exantria  Website  သို့ လိင်အသားပေးဓာတ်ပုံနှင့်  ဗီဒီယိုဖိုင်များအခကြေး ငွေရယူကာ    လူမှုကွန်ရက်၌   ဖော်ပြနေသူများ တွင်    သင်ဇာဝင့်ကျော်နှင့်   နန်းမွေစံတို့အပြင်  အချို့သော      လိင်အသားပေးမော်ဒယ်များလည်း   ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း        စိစစ်တွေ့ရှိရ သည်။

 


သို့ဖြစ်၍  မြန်မာအမျိုးသမီးများ   စောင့်ထိန်း လိုက်နာအပ်သော  ဟိရိဩတ္တပ္ပတရားကင်းမဲ့စွာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများအား ကမ္ဘာ့အလယ်တွင် အထင် အမြင်သေးစေနိုင်သည့်  လိင်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအား အခကြေးငွေရယူ၍  ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့  နှစ်ဦးကို အီလက် ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃(က) အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းနှင့် အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို    ညှိုးနွမ်းစေမည့်    ကိစ္စရပ်မျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ်ဖော်ထုတ်၍ ဥပဒေအရ   ထိရောက်စွာ  အရေးယူသွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။


သတင်းစဉ်