လွိုင်ကော် ဇူလိုင် ၂၇
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော် မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်မျိုးတင်က ကယား ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ၊ ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့ လာပါက ဆောင်ရွက်ပေးရမည့် နည်းလမ်းများ၊ ရောဂါကုသရေး အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ရာနှုန်း ပြည့်ထိုးနှံနိုင်ရေးအတွက် အလေး အနက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သံလွင်အောင်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး မှု၊ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ လွိုင်ကော် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းခိုင်က ပြည်နယ်အတွင်းရှိ မြို့နယ်/ တိုက်နယ်ဆေးရုံများ၏ အခြေ အနေနှင့် ကုသရေးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို လည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ် က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေ များ၊ ထပ်မံပေါင်းစပ်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ပြန်လည် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က လွိုင်ကော်မြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများကို ထောက်ပံ့ ပစ္စည်းများပေးအပ်ရာ ပြည်နယ် ပြည်သူ့ဆေးရုံအုပ်ကြီးက လက်ခံ ရယူသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံအတွင်းရှိ ဆေးကုသဆောင်၊ ကလေးလူနာဆောင်၊ ထိခိုက် ဒဏ်ရာနှင့် အရိုးရောဂါကုလူနာ ဆောင်နှင့် ခွဲစိတ်ကုသဆောင်များ သို့ သွားရောက်၍ ဆေးကုသလျက် ရှိသော လူနာများကို ကြည့်ရှု အားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ဆေးရုံ၏ ဥပဓိရုပ်ကောင်းမွန် စေရေးနှင့် သာယာလှပရေး ဆောင်ရွက်ထားမှု၊ ဆေးရုံ ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက် ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)



