နေပြည်တော် ဇူလိုင် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် များ၊ သမဝါယမအသင်းသား များ၊ တာဝန်ရှိသူများနှင့်အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနရှိ သမဝါယမ အသင်းများ၏ လုပ်ငန်းဆောင် ရွက်နေမှုကို အားပေးကြည့်ရှု သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အဖွဲ့သည် ဝန်ကြီး ဌာနရုံးဘေးရှိ လယ်မြေ ၂ ဒသမ ၇ ဧကတွင် Rainbow ဝန်ဆောင် မှု သမဝါယမအသင်းမှ ဆောင် ရွက်နေသည့် မိုးစပါးစမ်းသပ် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက် ရောက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှုသမဝါယမအသင်း၏ လယ်မြေ ၂ ဒသမ ၇ ဧကတွင် GW 11 မျိုးစပါးများ ကြိုးတန်း စနစ်ဖြင့် ကောက်စိုက်ခြင်း၊ အစေ့ချ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်းတို့ကို အားပေး ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှုသမဝါယမအသင်း၏ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိ ပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းနှင့် Rainbow ဝန်ဆောင်မှုသမဝါယမအသင်းတို့ ပူးပေါင်း၍ ဖရီးရှန်းနို့စားနွား ၂၂ ကောင် မွေးမြူထားမှု၊ တစ်နေ့ လျှင် နွားနို့ပိဿာချိန် ၆၀ ထွက်ရှိ ပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမ အသင်းသို့ ရောင်းချနေမှု၊ နွားစာ အတွက် မြေသုံးဧကတွင် နေဗီယာ မြက်၊ မွန်ဘားစားမြက်နှင့် အဲဗားဂရင်းမြက် သုံးမျိုး စိုက်ပျိုး ထားမှု၊ နေပြည်တော်သမဝါယမ အသင်းစုချုပ်မှ ထုတ်လုပ်သော ပြောင်းချဉ်ဖတ် အာဟာရများ ကျွေးမွေးနေမှုကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ဝန်ထမ်း စားရိပ်သာဆောင်သစ် ဆောက် လုပ်နေမှု၊ ငါးမွေးကန် နှစ်ကန် အတွင်း မွေးမြူထားသော ရွှေဝါ ငါးကြင်း၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ တီလားဗီးယားနှင့် ဘဲများ ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေး ကာ လုပ်ငန်းများ အောင်မြင် အောင် စေတနာထားဆောင်ရွက် ရန်နှင့် ရရှိလာသော အကျိုး အမြတ်များဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ဆောင်ရွက် ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သက်တံ ရောင် အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမအသင်း လီမိတက်၏ အရောင်းဆိုင်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



